October 4, 2024

၃၀. ၉. ၂၀၂၄
Translated by Htwe Ko Tun

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့၏ မြို့လယ်ဒေသကို အစ္စရေးတို့က စက်တင်ဘာလ ၃၀ ရက် နံနက်အစောပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အစ္စရေးကိုဆန့်ကျင်တိုက်ခိုက်လျက်ရှိသော PFLP အမည်ရှိ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုတစ်ခုက ၎င်းအုပ်စု၏ ခေါင်းဆောင်သုံးဦး သေဆုံးခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုက ၂၀၀၆ ခုနှစ်မှစ၍ ပြုလုပ်ခြင်းမရှိခဲ့သော အစ္စရေးတို့၏ လက်လနွန်မြို့တော်၏ မြို့လယ်ခေါင်ကို ရှားရှားပါးပါးတိုက်ခိုက်မှုလည်း ဖြစ်ခဲ့သည်။ ဗုံးကြဲမှုကို ဗီဒီယိုရိုက်ကူးထားချက်တစ်ခုအရ တိုက်တန်းလျားတစ်ခု၏ အထပ်နှစ်ထပ်မှာ လုံးဝပြိုကျသွားသည်ကိုတွေ့ရပြီး အဆောက်အအုံ အပြင်ဘက် လမ်းပေါ်ရှိကားတစ်စီးခေါင်မိုးတွင် သေဆုံးနေသူနှစ်ဦးကိုတွေ့ကြရသည်။ ၎င်းတို့က အဆောက်အအုံအတွင်း ပေါက်ကွဲမှုကြောင့် လမ်းပေါ်ရောက်သည်အထိ လွင့်စင်ထွက်လာခြင်းဟုလည်း ယူဆရသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကို မောင်းသူမဲ့လေယာဉ်တစ်စင်းဖြင့်ပြုလုပ်ခဲ့ခြင်းဟုဆိုကြပြီး မြို့လယ်ပိုင်း လူသိများသော Kola လမ်းဆုံအနီးတွင် ထိုသို့တိုက်ခိုက်ခံရခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် ဟားမားစ်အုပ်စုကလည်း လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုတစ်ရပ်ကြောင့် ဟားမားစ်တို့၏ လက်ဘနွန်နှင့် ပြည်ပခေါင်းဆောင်မှုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ဟားမားစ်ခေါင်းဆောင်တစ်ဦးဖြစ်သော ဖာတာရှာရစ်ဖ် အဘူအယ်လ်အမိုင်းမှာ အယ်လ်ဘတ်စ်စခန်းရှိ ၎င်း၏နေအိမ်၌ သေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။

အစ္စရေးတို့က ထိုလေကြောင်းတိုက်ခိုက်မှုကို လက်ဘနွန်တောင်ပိုင်း တိုင်ယာ‌မြို့အနီးရှိ စခန်းသို့ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

Ref- The Guardian

Leave a Reply

Your email address will not be published. Required fields are marked *