October 4, 2024

၃၀.၉. ၂၀၂၄
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကမ်းနားလမ်း ပန်းခြံအနီး ဧရာဝတီမြစ်အတွင်းသို့ ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက အသက် ၂၀ အရွယ် မိန်းကလေးတစ်ဦး ခုန်ချပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်အတွင်းသို့ ခုန်ချသူမှာ အသက် ၂၀ ခန့်အရွယ် မသီရိရွှေစင်ဖြစ်ပြီး ပြည်မြို့၊ ဝက်တိုးဘုရားလမ်းရှိ မဟာနွယ်အဆောင်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

“ကောင်မလေးက ဝက်ထီးကန်မြို့၊ လျှော်ထုံးရွာဇာတိကပါ။ ပြည်မှာ အဆောင်ငှားနေတာ၊ ဘာကြောင့်ခုန်ချတာလဲတော့မသိဘူး၊ အခုထိတော့မတွေ့သေးပါဘူး “ဟု ပြည်မြို့ဒေသခံတစ်ဦးက ပြောသည်။

မသီရိရွှေစင်မှာ ၎င်း၏သူငယ်ချင်းဖြစ်သူနှင့် အတူသွားလာစဥ် မြစ်ထဲသို့ခုန်ချခဲ့ခြင်းဖြစ်ပြီး သူငယ်ချင်းဖြစ်သူက လိုက်လံဖမ်းဆွဲသော်လည်း မမှီတော့ကြောင်းသိရသည်။

လတ်တလောတွင် မြစ်ထဲခုန်ချသူနှင့်ပတ်သက်၍ ဒေသတွင်းရေနစ်သူကူညီကယ်ဆယ်ရေးအသင်း၊ ပန်းတောင်း ရဲတပ်ဖွဲ့၊ ရေထဲခုန်ချသူနေခဲ့သော အဆောင်နှင့်မိသားစုထံသို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်မြို့)၊ ပရဟိတ ပါရမီထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *