October 4, 2024

၃၀.၉.၂၀၂၄
Written By Thandar

ပရိသတ်ချစ်ခင်အားပေးမှုကို နှစ်ပေါင်းများစွာ ရရှိထားတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ “ဒုတိယမြောက် လက်ထပ်ခွင့်” ဇာတ်လမ်းတွဲမှာ ဘဝနဲ့ချီပြီး တစ်ခါမှမလုပ်ဖူးသေးတဲ့ ကာရိုက်တာနဲ့ပါဝင်ထားတယ်လို့ ဆိုပါတယ်။

“ဒီဇာတ်ကားထဲက အမ ဘဝနဲ့ချီရင်တော့ တစ်ခါမှ မလုပ်ဘူးသေးတဲ့ ကာရိုက်တာမျိုးပါ။ ပထမဦးဆုံးအနေနဲ့လည်း မလင်းကြိုးစားကြည့်ချင်တယ်။ ပရိသတ်တွေလည်း ဇာတ်ကောင်ကိုလည်း ကာရိုက်တာအနေနဲ့ပဲ ကြည့်ပေးပါလို့ ကြိုပြောချင်တယ်။ ကိုယ့်ကိုယ်ကိုယ့်တော့ ဗန့်လို့ တစ်ခါမှ မြင်မိမှာမဟုတ်ဘူး။ ကိုယ်က ကိုယ့်သားသမီးကိုချစ်တယ်လေ။ မိဘချင်းတူရင်တော့ ချစ်ပုံချစ်နည်းတွေ ကွဲကြတာတွေရှိကြပါတယ်။ ဒီအထဲမှာ မလင်း ကိုယ့်သမီးကို ဘယ်လိုချစ်လဲဆိုတာ မြင်ရမှာပါ။ ဒုတိယမြောက်လက်ထပ်ခွင့်ဆိုတာ မဟာကပြရင် ကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်။ မလင်းရဲ့မျက်နှာအနေအထားက ဇာတ်ကောင်ရွေးမယ်ထင်ရတယ်။ မလင်းမျက်နှာကြည့်ပြီး လိုက်ဖက်မယ့်ဇာတ်ကောင်အတွက်ခေါ်ကြတာများတယ်လေ။ ဒီအတွက်ကြောင့် မလင်းအတွက် ဒီကားက ဘဝနဲ့ ချီပြီးပြောလို့ရမယ့် ကာရိုက်တာမျိုးပါ။ မလုပ်ဖူးပါဘူး” လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ပြောပါတယ်။

ဒီဇာတ်လမ်းတွဲမှာတော့ ဒါရိုက်တာကျော်နှင်းဆီက သူမနဲ့အတူ သရုပ်ဆောင်တွေအဖြစ် ထက်အောင်ရှိုင်း၊ ရဲအောင်၊ ဟင်နရီ၊ ရွှေသမီး၊ သွန်းဆက်၊ အကယ်ဒမီခင်ဇာခြည်ကျော်၊ ချိုမဒီသွင်၊ ခွန်းည၊ ဝီလျှံမင်းမြတ်၊ ရဲထွဋ် မင်းခေါင်၊ Gu Gu၊ ကိုင်၊ ဆက်ဂိုဟန် စတဲ့သူတွေနဲ့အတူ ရိုက်ကူးထားပါတယ်။ လင်းဇာနည်ဇော်ကတော့ ငယ်ရွယ် စဉ်ကာလက ပေါ့ပေါ့ပါးပါး လူငယ်ဖန်စီဇာတ်လမ်းမျိုး ရိုက်ဖြစ်တာများသလို အသက်အရွယ်ရတဲ့နောက်ပိုင်းမှာ မိဘမေတ္တာ ဖော်ကျူးတဲ့ဇာတ်ကောင်၊ တူ၊ တူမတွေအရမ်းချစ်တာတို့ စည်းလုံးမှုဖော်ကျုးတဲ့ ဇာတ်ကောင်ရိုးရိုးအေးအေးဇာတ်ရုပ်တွေ ရိုက်ကူးရတာများလာခဲ့တာပဲဖြစ်ပါတယ်။

“မလင်းက ပထမ ဒီဇာတ်ကောင်ကို မရိုက်ဖူးလို့ ငြင်းသေးတယ်။ ပရိသတ်နဲ့အဆက်အသွယ်ပြတ်မှာ ဆိုးတယ်။ သရုပ်ဆောင်ဆိုတာ ကာရိုက်တာမျိုးစုံ လုပ်ကြည့်ရမှာပဲဆိုပြီး မလင်း လက်ခံရိုက်ကူးဖြစ်တဲ့ ဇာတ်ပါ။ ဒီကားထဲမှာ မလင်းက သွန်းဆက်နဲ့ တွဲဖက်သရုပ်ဆောင်ရမှာပါ။ ဒီကားထဲမှာ ပရိသတ်ရင်ထဲရောက်ပါ့မလားတော့ စိုးရိမ်မိပါတယ်။ လုပ်နိုင်ပါ့မလားပေါ့။ ပရိသတ်တွေ တစ်နည်းတစ်ဖုံမြင်ရမှာပါ”လို့ သူမက ဆက်ပြောပါတယ်။

LinZarNiZar #သွန်းဆက်

လင်းဇာနည်ဇော် #ThunSett

ဒုတိယမြောက်လက်ထပ်ခွင့်

MaharOriginalSeries

MaharApplication

Leave a Reply

Your email address will not be published. Required fields are marked *