October 4, 2024

၂၉.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ စက်မှုဇုန်(၁)၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ NTS Mart ဟိုတယ်ပစ္စည်းသိုလှောင်သည့်အဆောက်အအုံပေါ်ရှိ Ooredoo ဖုန်းတာဝါတိုင်တွင် စက်တင်ဘာလ ၂၉ ရက် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖုန်းတာဝါတိုင် ထိန်းချုပ်သည့် Circuit ပုံးအတွင်း တပ်ဆင်ထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ Circuit ပုံးများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

မီးလောင်မှုမှာ ၂၅ မိနစ်ကြာ လောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၃ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့​ကြသည်။

မီးလောင်မှုကြောင့် Circuit ပုံး ၈ ပုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် ပေါ့ဆစွာလုပ်ဆောင်ခဲ့သူကို အမှုဖွင့်ကာစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *