October 5, 2024

၂၉. ၉. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံ၏ အရှေ့အနောက်တောင်မြောက်ဆုံသည့် နေရာတွင်ရှိသော မိတ္ထီလာဒေသကို နေပြည်တော်ကဲ့သို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်အပြင် စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် မိတ္ထီလာခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများအားတွေ့ဆုံ၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

မိတ္ထီလာဒေသနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ အရှေ့ အနောက်တောင်မြောက်ဆုံသည့် နေရာတွင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့်ပတ်သက်၍ အချက်အခြာကျသည့် လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ မိတ္ထီလာဒေသ၏ အကျယ်အဝန်းနှင့် နေပြည်တော်ကောင်စီနယ်မြေ၏ အကျယ်အဝန်းမှာ ကွာဟမှု အနည်းငယ်သာရှိသကဲ့သို့ လူဦးရေအနေဖြင့်လည်း မိတ္ထီလာတွင် ၉ သိန်းကျော်ခန့်ရှိပြီး နေပြည်တော်တွင် ၁ သန်းကျော်ခန့်ရှိကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ မိတ္ထီလာဒေသကိုလည်း စံပြနေရာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

တည်နေရာအနေအထားအရ နိုင်ငံ၏အလယ်ပိုင်း၌ရှိသည့်အပြင် ကုန်သွယ်မှုတွင် ဗဟိုကျပြီး အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သကဲ့သို့ ပညာရေးနှင့်ပတ်သက်၍လည်း တက္ကသိုလ်၊ ကောလိပ်များ ပြည့်စုံစွာတည်ရှိသည့် ခရိုင်တစ်ခုဖြစ်ကြောင်း၊ သွားလာမှုနှင့်ပတ်သက်၍လည်း အဆင်ပြေလွယ်ကူသည့် မြေအနေအထားကို ပိုင်ဆိုင်ထားသော ဒေသတစ်ခုဖြစ်သဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့သည့် ဒေသတစ်ခုဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရလားလမ်းပိုင်းပေါ်တွင် ရထားလမ်းပိုင်းများနှင့် စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း SAC ဥက္ကဋ္ဌက ယနေ့တွင် သွားရောက်စစ်ဆေးခဲ့ပြီး ကြည့်ရှု့စစ်ဆေးမှုများအပြီးတွင် မီးရထားလမ်းပြုပြင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *