October 4, 2024

၂၉.၉. ၂၀၂၄
Written by MMAK

◾အစ်ဆွစ် Vs အက်စတွန်ဗီလာ

နောက်ဆုံးငါးပွဲဆက် အနိုင်ရထားပြီး တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားတဲ့ အက်စတွန်ဗီလာအသင်းရဲ့ တစ်လုံးသွင်းရင် ပြားရှစ်ဆယ်စားရမယ် ဆိုတဲ့ ပေါက်ကြေးက နည်းနည်းပျော့ပါတယ် ။ ဒါပေမဲ့ ဗီလာအသင်း ကြေးပြန်ကျတော့မယ် ထင်နေကြသလို ပေါက်ကြေးကလည်း လျော့ကျနေတာကြောင့် ဗီလာအသင်းကို ရွေးချယ်မဲ့ ထိုးသားတွေကို ကန်ထုတ်နေတယ်လို့လည်း တွေးလို့ရပါတယ် ။ ဒီပွဲမှာ ဗီလာအသင်း ဂိုးပေးရနိုင်သလို ဂိုးလည်းပြန်သွင်းနိုင်တဲ့ပွဲလို့ ထင်ပါတယ် ။ တန်းတက်အသင်း အစ်ဆွစ်ရဲ့ ခြေစွမ်းကလည်း သိပ်အကောင်းကြီး မဟုတ်သေးပေမဲ့ အိမ်ကွင်းတိုက်စစ်က ဂိုးသွင်းနိုင်စွမ်း ရှိပါတယ် ။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ် ။ ခံစစ်က ဂိုးတွေပေးနေရတဲ့ ဗီလာအသင်းကို အိမ်ရှင်အင်ဆွစ်အသင်း ဂိုးသွင်းနိုင်တယ်လို့ ယူဆထားပါတယ် ။ ဒီအတွက်ကြောင့် အိမ်ရှင် အစ်ဆွစ်အသင်း တစ်ဂိုးရခဲ့ရင် အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု အနေနဲ့ အောက်ကြေးအစ်ဆွစ်အသင်းနဲ့ ဂိုးပေါ်ကို ရွေးချယ်သင့်ပါတယ် ။

◾မန်ယူ Vs စပါး

မန်ယူအသင်းရဲ့ ခြေစွမ်းက ယုံကြည်လို့ရတဲ့ အနေအထားမှာ မရှိသလို စပါးအသင်းကလည်း အဝေးကွင်းညံ့တဲ့အသင်း ဖြစ်ပါတယ် ။ သို့ပေမဲ့ စပါးအသင်းရဲ့ တိုက်စစ်က မန်ယူအသင်းတိုက်စစ်ထက် ဂိုးပိုသွင်းနိုင်စွမ်းရှိတာကို သတိထားသင့်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်မန်ယူအသင်းက ဘော်ဒီကြေး ပြားငါးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ် အရှုံး ဖြစ်ပါတယ် ။ ဂိုးပေါင်းကြေးက မလိုအပ်ဘဲ ကြေးပြင်းနေတယ်လို့ ခံစားရပြီး နှစ်သင်းလုံးတိုက်စစ်ဖွင့်ကစားမယ်လို့ မထင်ပါဘူး ။ စပါးအသင်းက လက်စတာကို အဝေးကွင်းပွဲမှာ သရေကျခဲ့ပြီး နယူးကာဆယ်ကို ရှုံးခဲ့တာကြောင့် အဝေးကွင်းရလဒ်တွေ မကောင်းထားတဲ့အချိန်မှာ အခုမန်ယူအသင်းနဲ့ အဝေးကွင်းပွဲမှာ တိုက်စစ်အပြိုင်ဖွင့်ကစားမယ်လို့ မထင်ပါဘူး ။ မန်ယူအသင်းကလည်း စပါးလိုအသင်းကို တိုက်စစ်ဖွင့်ကစားလာမယ် မထင်ဘဲ တစ်သင်းနဲ့တစ်သင်း အမှားစောင့်ကစားကြမယ်လို့ ထင်ပါတယ် ။ အိမ်ရှင်မန်ယူအသင်း နိုင်ခဲ့ရင်လည်း တစ်ဂိုးအသာလောက်နဲ့ ပွဲပြီးသွားနိုင်ပြီး မနိုင်ခဲ့ရင် တစ်ဖက်တစ်ဂိုးစီလောက်နဲ့ သရေကျသွားမယ် ထင်ပါတယ် ။ နှစ်သင်းပေါင်း သုံးဂိုးလောက်ပဲ အများဆုံး မြင်ရနိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ် ။

◾အက်သလက်တီကို Vs ရီးရဲမက်ဒရစ်

နှစ်သင်းလုံး ကြားရက်မှာ ချန်ပီယံလိဂ်ကစားရဖို့ ရှိနေပေမဲ့ အဒီပွဲထပ် အခုမက်ဒရစ်ဒါဘီပွဲကို အာရုံစိုက်ကစားလာဖို့ ရှိပါတယ် ။ ရီးရဲမက်ဒရစ်မှာ အမ်ဘာပေ ဒဏ်ရာရနေတာကြောင့် မပါနိုင်သေးသလို အဝေးကွင်းကစားရမှာ ဖြစ်တာကြောင့် သိပ်တော့ မလွယ်ကူပါဘူး ။ အသလက်တီကိုကွင်းမှာဆို ရီးရဲမက်ဒရစ်အသင်း ခက်ခက်ခဲခဲ ရုန်းကန်ကစားရတတ်တာကို မေ့မထားသင့်ပါဘူး ။ အစောပိုင်း ပေါက်ကြေးမှာ ရီးရဲအသင်းက ဘော်ဒီကြေး ပြားနှစ်ဆယ်ရှုံးလောက် ပေးထားပေမဲ့ လက်ရှိအချိန်မှာ ဒဲ့အနေအထားလောက်ကို ရောက်ရှိလာပြီး ကြေးကျလာပါတယ် ။  ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော ဆက်တိုက်အောင်နေတဲ့ ရီးရဲအသင်း ကြေးပြန်ကျချိန် တန်နေပြီလို့ ယူဆထားပြီး အခုအဝေးကွင်းပွဲမှာ ရီးရဲအသင်း ထပ်နိုင်သွားမယ်လို့ မထင်ပါဘူး ။ အိမ်ကွင်းမာကျောမှု အပြည့်ရှိသလို ခါးသီးပြိုင်ဘက်တွေ ဖြစ်တာကြောင့် အသည်းအသန်ရုန်းကန်ကစားလာမဲ့ တီကိုအသင်း မရှုံးနိုင်ပါဘူး ။ ဘော်ဒီကြေး ဒဲ့အနေအထားမှာ ရီးရဲအသင်းကို ထိုးသားအများစု အကြိုက်တွေ့နေတာကြောင့် အိမ်ရှင်တီကိုအသင်းကို ကြိုက်ပါတယ်။

◾ဟော့စတိန်းကီး Vs ဖရန့်ဖတ်

အခုနှစ်မှ တန်းတက်လာတဲ့ ဟော့စတိန်းကီးအသင်း
နိုင်ပွဲလုံး၀မရသေးဘဲ တစ်ပွဲသရေ သုံးပွဲရှုံးနဲ့ ဇယားအောက်ဆုံးကို ရောက်နေပါတယ် ။ ဖရန့်ဖတ်အသင်းက ခြေစွမ်းကောင်းတာ မှန်ပေမဲ့ ကြားရက်မှာ ယူရိုပါလိဂ်ပွဲကို အကြိတ်အနယ်ကစားခဲ့ရသလို ဒီပွဲကစားဖို့ ကြားထဲမှာ နှစ်ရက်သာ ပြင်ဆင်ချိန်ရထားပါတယ် ။ အောက်အသင်းလေးတွေက အိမ်ကွင်းအားပြုကစားတတ်သလို ရလဒ်ကာင်းဖို့ ကြိုးစားကစားလာမဲ့ ​ဟော့စတိန်းကီးအသင်းကြောင့် ဖရန့်ဖတ်အသင်း ရုန်းကန်းရနိုင်တယ်လို့ ယူဆထားပါတယ် ။ ဒီပွဲမှာ ဖရန့်ဖတ်အသင်းက တစ်လုံးခုနှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ် အရှုံး ဖြစ်ပါတယ် ။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေး ပြင်းနေတာကြောင့် အိမ်ရှင်ဟော့စတိန်းကီးအသင်း ဂိုးရမယ်ဆိုတဲ့ ပုံစံမျိုး တွေ့နေရပါတယ် ။ တကယ်လို့ အဝေးကွင်း ဖရန့်ဖတ်အသင်း နိုင်မယ်ဆိုရင် ဘော်ဒီကြေးကို တစ်လုံးလေးဆယ်စားလောက်ထိ တိုးပေးသင့်တယ်လို့ ယူဆထားပါတယ် ။ ဒီပေါက်ကြေးအရ အိမ်ရှင်ဟော့စတိန်းကီးအသင်း မရှုံးနိုင်ဘဲ အနိမ့်ဆုံး သရေလောက် ကစားနိုင်မယ်လို့ ယူဆတာကြောင့် ဟော့စတိန်းကီးအသင်းကို ကြိုက်ပါတယ် ။

◾နာပိုလီ Vs မွန်ဇာ

အတည်ငြိမ်ဆုံးနဲ့ အပြင်းဆုံးပေါက်ကြေးကတော့ နာပိုလီအသင်းရဲ့ ပေါက်ကြေးဖြစ်ပြီး ဘော်ဒီကြေး တစ်လုံး ရှစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာ တည်ငြိမ်နေပါတယ် ။ ဥရောပပွဲစဥ်တွေ ကစားရဖို့ မရှိတာကြောင့် အမှတ်ပေးတစ်ခုတည်းကို အာရုံစိုက်ကစားနေပြီး လူကာကူဦးဆောင်တဲ့ တိုက်စစ်ကလည်း သိသိသာသာ ဂိုးသွင်းကြမ်းနေပါတယ် ။ တစ်ဖက်က မွန်ဇာအသင်းက အရင်နှစ်ကလောက် မကောင်းတော့ပေမဲ့ အင်တာအသင်းနဲ့ တီးနားအသင်းတို့လို အသင်းကြီးတွေကို သရေကစားနိုင်ခဲ့တာကို တွေ့ရပါတယ် ။ မွန်ဇာအသင်းက ခံစစ်လုံးဝပိတ်ကစားတတ်တဲ့ အသင်းမျိုးမဟုတ်သလို ဂိုးပြန်သွင်းနိုင်တဲ့ အသင်းမျိုးဖြစ်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်နာပိုလီအသင်းက ဘော်ဒီကြေး တစ်လုံး ရှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနှစ်ဆယ်စား ဖြစ်ပါတယ် ။ ဘော်ဒီကြေးပြင်းနေတဲ့ အိမ်ရှင်နာပိုလီအသင်း ဂိုးသေချာပေါက်ရမယ်ဆိုတဲ့ ပေါက်ကြေးအရ နှစ်ဂိုးသွင်းမှ ကြေးအပြည့်စားရမဲ့ ဘော်ဒီထက် ဂိုးပေါင်းအပေါ်ကို ရွေးသင့်တယ်လို့ မြင်ပါတယ် ။ မွန်ဇာအသင်း ဂိုးရနိုင်တယ်လို့ ယူဆထားသလို နာပိုလီတစ်သင်းတည်းကလည်း သုံးဂိုးလောက်ထိ သွင်းနိုင်တယ်လို့ ယူဆထားလို့ ဂိုးပေါ်ရွေးချယ်မှုက အကောင်းဆုံး ဖြစ်ပါတယ် ။

◾ဟော့ဖန်ဟိမ်း Vs ဝါဒါဘရီမင်

ဘွန်ဒက်လီဂါမှာ နောက်ဆုံးသုံးပွဲဆက် ရှုံးထားပြီး ရလဒ်တွေဆိုးနေတဲ့ အိမ်ရှင် ဟော့ဖန်ဟိမ်းအသင်း
နိုင်ပွဲပြန်ရသင့်ပြီလို့ ထင်ပါတယ် ။ ကြားရက်မှာလည်း ယူရိုပါလိဂ်ပွဲ ကစားထားရပေမဲ့ အခုအိမ်ကွင်းပွဲမှာ ရလဒ်ကောင်းဖို့ သေချာပြင်ဆင်လာနိုင်ပါတယ် ။ ဝါဒါဘရီမင်အသင်းက ခြေစွမ်းအရမ်းကောင်းနေတာမျိုး မတွေ့ရဘဲ သာမာန်ခြေစွမ်းလောက်သာ ရှိတဲ့အပြင် အဝေးကွင်းလည်း ဖြစ်နေတာကြောင့် လှန်နိုင်သွားမယ်လို့ မထင်ပါဘူး ။ ဒီပွဲမှာ အိမ်ရှင်ဟော့ဖန်ဟိမ်းအသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ဖြစ်ပါတယ် ။ တကယ်လို့ အိမ်ရှင်ဟော့ဖန်ဟိမ်းအသင်းက ပြားခုနှစ်ဆယ်အရှုံးလောက် ပေးလိုက်ရင် ဟော့ဖန်ဟိမ်းအသင်းကို ထိုးသားတွေ အကြိုက်များလာနိုင်ပါတယ် ။ ဒီအတွက်ကြောင့် ဘော်ဒီကြေး ပြားနှစ်ဆယ်လောက်သာ ပေးထားပြီး ဟော့ဖန်ဟိမ်းအသင်းကို မနေရဲအောင် ကန်ထုတ်နေတဲ့ ပေါက်ကြေးလို့ ထင်ပါတယ် ။ ပေါက်ကြေးအရ ရွေးချယ်သင့်သလို အိမ်ရှင်ဖြစ်တဲ့ ဟော့ဖန်ဟိမ်းအသင်း နိုင်ပွဲပြန်ရသင့်ပြီလို့ ယူဆထားလို့ ဟော့ဖန်ဟိမ်းအသင်းကို ကြိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *