October 5, 2024

၂၉. ၉. ၂၀၂၄
Written by Thandar

သရုပ်ဆောင် ရတနာခင်ရဲ့ အမျိုးသားဖြစ်သူ ကိုစိုးလှိုင်ဦးဟာ ဒီနေ့မနက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၄၇ နှစ်သာ ရှိသေးတဲ့ ကိုစိုးလှိုင်ဦးဟာ ကင်ဆာရောဂါခံစားရပြီး ရတနာခင်နဲ့ သားငယ်သုံးယောက်ကို လောကအလယ်ထားခဲ့ပြီး ဘဝတစ်ပါး ကူးပြောင်းသွားရတာမို့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ကိုမျိုး (မြန်မာစာ) ကလည်း “ကျန်းမာကြစဉ်မှာ ညီရင်းအကိုလို စိတ်တူကိုယ်တူ အများအကျိုး နိုင်သမျှဖေးကူကြ။ မကျန်းမာကြပြန်တော့လည်း ရဲဘော်ရဲဘက်လို စိတ်ခွန်အားပေးကြနဲ့ အခုတော့အရင် ဦးအောင်သွားနှင့်ပြီပေါ့။ ကိုစိုးလှိုင်ဦးရေ ငြိမ်းချမ်းပါစေဗျာ #RIP “လို့ ကိုစိုးလှိုင်ဦးရဲ့ လူမှုကွန်ရက်ကို Tag တွဲပြီး ဝမ်းနည်းစကားဆိုထားပါတယ်။

ကိုစိုးလှိုင်ဦးဟာ ကင်ဆာရောဂါနဲ့ ဘန်ကောက်မှာဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တယ်လို့လည်း အနုပညာရှင်အသိုင်းအဝိုင်းက ပြောဆိုမှုအရ သိရပါတယ်။

“စိတ်ကောင်းရှိသော အစ်ကို။ ဒီ လူတွေဆုံတိုင်း အမြဲသတိရနေတာပါ။ အစ်ကိုကောင်းရာ ဘုံဘဝရောက်ပါစေ “လို့ အကယ်ဒမီ ချောရတနာက စိတ်‌မကောင်းကြောင်းဖွင့်ဟထားပါတယ်။

ရတနာခင်ကတော့ အိမ်ထောင်ကျပြီးနောက် ကျောက်မျက်ရတနာလုပ်ငန်းတချို့လုပ်ကိုင်ရင်း သာယာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသလို သားချောလေး ၃ ယောက်ရဲ့ မိခင် ဖခင်တွေဖြစ်ကြပါတယ်။ ယနေ့မှာတော့ သူမရဲ့ ခင်ပွန်းဆုံးပါးမှုအပေါ် အနုပညာမောင်နှမတွေကလည်း ဝမ်းနည်းကြောင်း ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။ (Photo – Yadanar Khin & ရွှေပိုးတိုက်ပုံ)

Leave a Reply

Your email address will not be published. Required fields are marked *