September 28, 2024

၂၈.၉.၂၀၂၄
Written by Hey Mar

ချစ်သူ အမျိုးသမီးငယ်ကို ဓားနဲ့ ထိုးသတ်ပြီး ဂျပန်နိုင်ငံကို နေ့တွင်းချင်းပြန်ဖို့ ကြိုးစားတဲ့ အမျိုးသားကို ရဲတပ်ဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၃၀ခန့်က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။

ဖြစ်စဉ်က အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၊ တိုက်(၄၀)၊ (၆)လွှာမှာ အမျိုးသမီးငယ်တစ်ဦး ဓားဒဏ်ရာ‌တွေနဲ့ စက်တင်ဘာလ၂၈ ရက် နံနက် ၈ နာရီက လဲကျ​သေဆုံး​နေ​ကြောင်းသတင်းအရ၊ ရဲတပ်ဖွဲ့ကသွား​ရောက်စစ်​ဆေးရာ​ သေဆုံးသူမှာ မစုစုငြိမ်း အသက် ၂၂ နှစ် ဆိုသူဖြစ်ပြီး ၊ ထိုးသွင်းဒဏ်ရာ ၁၇ ချက်နဲ့ ပက်လက်​သေဆုံး​နေတာကို​ တွေ့ရ‌ကြောင်း၊ ရဲတပ်ဖွဲ့က​သေသူနဲ့ အတူ​နေသူ မတိုင်းနူးနူးကို စစ်​ဆေး‌ မေးမြန်းရာ​မှာ သေသူရဲ့ ရည်းစားက လွန်ခဲ့တဲ့သုံးရက်က ဂျပန်မှ ပြန်လာ​ကြောင်း သိရလို့ ရှာ​ဖွေရာက စက်တင်ဘာလ၂၈ ရက် နံနက် ၁၀ နာရီခွဲမှာ ဂျပန်ကို ပြန်လည်ထွက်ခွာမယ့် ရန်​ကုန်လေဆိပ်ကို ရောက်ရှိနေတဲ့ သေဆုံးသူရဲ့ ရည်းစားအံ့သူဟိန်း ၂၃ နှစ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

တရားခံကိုစစ်​ဆေးချက်အရ​ သေသူနဲ့ တရားခံဟာ လွန်ခဲ့တဲ့ ၆ နှစ်ခန့်ကတည်းက ချစ်ကြိုက်နေကြသူတွေဖြစ်ကြောင်း ၊ သေဆုံးသူက နောက်ကွယ်မှာ အခြားတစ်ဉီးနဲ့ တွဲ​နေလို့ ဂျပန်က ပြန်လာပြီး ထိုသူနဲ့ အဆက်ဖြတ်ရန်​ပြောဆိုရာ အဆင်မ​ပြေတာ‌ကြောင့် လှေကားအတက်မှာ အသင့်ပါလာတဲ့ ဓားနဲ့ မ​သေမချင်းထိုးသတ်ခဲ့​ကြောင်း ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

လူသတ်မှုကျုးလွန်ခဲ့တဲ့ အံ့သူဟိန်းကိုအလုံရဲစခန်းက ဖမ်းဆီးချုပ်​နှောင်ပြီး ရဲလုပ်ငန်းစဉ်တွေဆက်လက်လုပ်‌ဆောင်ကာ အမှုဖွင့်လှစ်ဖို့ ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *