September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nay Moe

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသည့် ဖခင်နှင့် ၄ နှစ်အရွယ် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF များက လက်နက်ငယ်များဖြင့် ဖခင်ကိုပစ်ခတ်သတ်ဖြတ်သည့်အပြင် အသက် ၄ နှစ်အရွယ်သမီးငယ်ကိုပါ ဦးခေါင်းအား ပစ်ခတ်သဖြင့် ဖခင်နှင့် သမီးငယ်မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင်ဟုဆိုသည့် ဦးဖိုးကျော်သည် စက်တင်ဘာလ ၂၇ ရက် နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ၎င်း၏ အသက် ၄ နှစ်အရွယ် သမီးငယ်ဖြစ်သူနှင့်အတူ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက်ပို့ဆောင်စဉ် PDF များက ရက်စက်ယုတ်မာစွာ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာမှ သားအဖ ၂ ဦးစလုံး လက်နက်ငယ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ၄ နှစ်အရွယ် သမီးငယ်ပါမချန် လူမဆန်စွာ သတ်ဖြတ်ခဲ့သည့် PDF များကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *