September 28, 2024

၂၈.၉.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၈) ရပ်ကွက်၊ မက္ခရာမင်းသားကြီးလမ်း၊ စက်မှုဇုန်(၂)တွင် စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သော မဟာလင်းထက် အိမ်ဆောက်ပစ္စည်းစက်ရုံမီးလောင်မှုမှာ ကော်ချောင်းအမှုန့်ကြိတ်စက်မော်တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီး​လောင်မှုမှာ အလျား ပေ ၃၀၀၊ အနံ ပေ ၃၀၀ရှိသော မဟာလင်းထက် အိမ်ဆောက်ပစ္စည်းစက်ရုံ Streel Structure ၁ ထပ် အဆောက်အအုံ၌ ကော်ချောင်း အမှုန့်ကြိတ်စက်ခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး Level 1 အဆင့် ခေါ်ယူငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး ကော်ချောင်းကြိတ်စက်နှင့် ကော်ချောင်းများ မီးလောင်ဆုံးရှုံးခဲ့သ​ဖြင့် စက်ရုံအလုပ်သမား အသက် ၁၉ နှစ်အရွယ် ကိုမိုးသက်အောင်ကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *