September 28, 2024

၂၈ . ၉ .၂၀၂၄
Written by MMAK

◾နယူးကာဆယ် Vs မန်စီးတီး

မန်းစီးတီးအသင်းမှာ ဒီဘရိုင်းနဲ့ ရိုဒရီမပါနိုင်သေးသလို အဝေးကွင်း ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ထည့်သွင်းစဥ်းစားထားပေမဲ့ မန်စီးတီးအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးသရေဆိုတဲ့ ပေါက်ကြေးက ကြေးပြင်းတယ်လို့ ယူဆလို့ရပါတယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းကောင်းတဲ့အသင်းဖြစ်ပြီး အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးတတ်အသင်း ဖြစ်သလို အိမ်ကွင်းနောက်ဆုံးဆယ်ပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ်။ နယူးကာဆယ်အသင်းက အိမ်ကွင်းမှာ အသင်းကြီးတွေနဲ့ ကစားရပြီဆိုရင် အင်တိုက်အားတိုက် ကစားတတ်သလို ခံစစ်ပိတ်မဆော့ဘဲ တိုက်စစ်အပြိုင်လိုက်ကစားတတ်ပါတယ်။ မန်စီးတီးအသင်းက ဘော်ဒီကြေး တစ်လုံးသရေပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံးပေါက်ကြေးမှာ မန်စီးတီးအသင်းရော နယူးကာဆယ်အသင်းရော သေချာပေါက် တစ်ဂိုးစီလောက်ရသွားနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ် ထင်ပါတယ်။ အိမ်ရှင်နယူးကာဆယ်အသင်း အနိမ့်ဆုံး တစ်ဂိုးလောက်  ရသွားနိုင်တယ်လို့ ယူဆထားလို့ နယူးကာဆယ်နဲ့ ဂိုးပေါ်ရွေးမယ်ဆိုရင် မရှုံးနိုင်ဘူးလို့ ယူဆထားပါတယ်။

◾အာဆင်နယ် Vs လက်စတာ

အာဆင်နယ်အသင်းရဲ့ ခံစစ်က တော်တော်ကောင်းတယ်လို့ ပြောလို့ရပြီး ငါးပွဲကစားထားပြီး သုံးဂိုးပေးထားရပေမဲ့ တစ်ယောက်လျော့ပွဲတွေမှာ ပေးထားရတာ ဖြစ်တာကြောင့် ပုံမှန်အခြေအနေမှာဆို တစ်ဖက်အသင်း ဂိုးရဖို့ မလွယ်ပါဘူးဟ။ ဒီပွဲမှာလည်း အာဆင်နယ်အသင်းက ဘော်ဒီကြေး နှစ်လုံးနှစ်ဆယ်စား ပေးထားပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံးဆိုတဲ့ ပေါက်ကြေးမှာ လက်စတာအသင်း တစ်ဂိုးရဖို့တောင် မလွယ်ဘူးလို့ ထင်ပါတယ်။ ဒီလိုပေါက်ကြေးမျိုးနဲ့အလားတူ ပုံစံမျိုး ဝုဗ်အသင်းနဲ့ပွဲမှာ ပေးထားခဲ့ပြီး အာဆင်နယ်အသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လက်စတာအသင်းကလည်း ခံစစ်ပိတ်ကစားပြီး တန်ပြန်တိုက်စစ်နဲ့သာ တုံ့ပြန်ကစားလာနိုင်သလို သရေတစ်မှတ်လောက်သာ မျှော်မှန်းကစားလာနိုင်တဲ့အတွက် ဂိုးမပေးရဖို့ အဓိကထားပြီး ခံစစ်ပိတ် ကစားလာနိုင်ပါတယ်။ အာဆင်နယ်အသင်းက တစ်ဂိုးလောက်ရထားရင် နောက်တစ်ဂိုးရဖို့ထက် ဂိုးပြန်မပေးရဖို့ အဓိကထားကစားတတ်သလို နောက်တစ်ဂိုးရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ကစားတတ်ပါတယ်။ အာဆင်နယ်အသင်းက ကြားရက်မှာ ချန်ပံယံလိဂ်ကစားရဖို့ ရှိနေတာကြောင့် ထိန်းထိန်းသိမ်းသိမ်းကစားကာ ကပ်နိုင်သွားပြီး ဂိုးတွေအများကြီး သွင်းမယ်လို့ မထင်ပါဘူး။ လေးဂိုးလောက်ထိ မြင်ရဖို့မရှိဘဲ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်လို့ ဂိုးအောက်ရွေးချယ်ထားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

◾ချဲလ်ဆီး Vs ဘရိုက်တန်

ချဲလ်ဆီးအသင်း အကောင်းဆုံးပုံစံမျိုးထိ မရောက်သေးဘူးဆိုပေမဲ့ ခြေစွမ်းကောင်းလာပြီလို့ ပြောလို့ရပြီး တိုက်စစ်က ဂိုးသွင်းကောင်းလာပါတယ်။ ဘရိုက်တန်အသင်းရဲ့ ခြေစွမ်းကလည်း သိပ်မဆိုးဘူးဆိုပေမဲ့ အဝေးကွင်းသိပ်မကောင်းသလို ခံစစ်ညံ့တဲ့အသင်း ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းက တိုက်စစ်အသားပေး ကစားဟန်ကြောင့် ခံစစ်က ဂိုးတွေပေးနေရပြီး ချဲလ်ဆီးအသင်းကို တိုက်စစ်ယှဥ်ကစားမယ်ဆိုရင် သူတို့ဂိုးရဖို့ထက် ချဲလ်ဆီးအသင်းက ဂိုးရနိုင်ချေ ပိုများပါတယ် ။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက တစ်လုံးခြောက်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးလေးဆယ်အရှုံး ဖြစ်ပါတယ်။ ဒီလိုပေါက်ကြေးမျိုး ပဲလေ့စ်အသင်းကို ပေးခဲ့ပြီး ကြေးမအောင်ထားတာကြောင့် ပဲလေ့စ်အသင်းထက် ပိုကောင်းတဲ့ ဘရိုက်တန်အသင်းကို မနိုင်လောက်ဘူးလို့ ထိုးသားတွေ ယူဆနေနိုင်လို့ ချဲလ်ဆီးအသင်း နိုင်သွားနိုင်ပါတယ် ။ ပြိုင်ပွဲစုံ ခုနှစ်ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဘရိုက်တန်အသင်း ရှုံးပွဲတွေ့ချိန်တန်နေပြီ ဖြစ်သလို ချဲလ်ဆီးအသင်းက နောက်ဆုံးသုံးပွဲဆက် ကြေးအောင်ထားပေမဲ့ ဒီပွဲလည်းဆက်အောင်မယ်လို့ ထင်ပါတယ် ။ ခံစစ်ညံ့တဲ့ ဘရိုက်တန်အသင်း သေချာပေါက် ဂိုးပေးရနိုင်သလို ရှုံးပွဲတွေ့ချိန်တန်ပြီလို့ ယူဆထားလို့ အိမ်ရှင်ချဲလ်ဆီးအသင်းကို ကြိုက်ပါတယ် ။

◾အဲဗာတန် Vs ခရစ္စတယ်ပဲလေ့စ်

အဲဗာတန်အသင်းရဲ့ တိုက်စစ်က ဂိုးသွင်းနိုင်စွမ်း ရှိပေမဲ့ ခံစစ်က ဂိုးတွေပြန်ပေးနေရပြီး ရလဒ်တွေဆိုးနေတာကို တွေ့ရပါတယ် ။ ပဲလေ့စ်အသင်းကလည်း သာမာန်ခြွေစွမ်းသာ ရှိတာကြောင့် အဝေးကွင်းကနေ လှန်နိုင်သွားဖို့ မလွယ်ပါဘူး ။ နိုင်ပွဲလုံးဝမရသေးတဲ့ နှစ်သင်း ထိပ်တိုက်တွေ့နေတာကြောင့် တစ်သင်းသင်းအနိုင်ရအောင် ကစားမယ်ဆို အိမ်ရှင်အဲဗာတန်အသင်းက နိုင်သွားနိုင်ပါတယ်။ နောက်ပွဲကလည်း နယူးကာဆယ်အသင်းနဲ့ ကန်ရမှာ ဖြစ်တာကြောင့် အမှတ်လျော့နိုင်ချေရှိပြီး ဒီအိမ်ကွင်းပွဲသာ ထပ်ရှုံးခဲ့ရင် အဲဗာတန်နည်းပြရှောင်ဒိုက် အထုတ်ခံရဖို့ထိ ဖြစ်လာနိုင်ပါတယ် ။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးကိုးဆယ်စားဖြစ်ပါတယ် ။ ပွဲချိန်နီးလာရင် အဲဗာတန်အသင်းက ပြားနှစ်ဆယ်လောက်ထိ ကြေးပေါက်လာနိုင်သလို အိမ်ကွင်းပွဲမှာ နိုင်ပွဲရအောင် ကြိုးစားလာမဲ့ အဲဗာတန်အသင်းကို ရွေးချယ်သင့်ပါတယ် ။

◾ဘရန့်ဖို့ Vs ဝက်စ်ဟမ်း

လိုပယ်တီဂူရဲ့ ဝက်စ်ဟမ်းအသင်း လိုအပ်ချက်အနည်းငယ် ရှိနေပြီး ခြေစွမ်းကောင်းနေတဲ့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားခဲ့ရတာကြောင့် ရလဒ်တွေ ဆိုးနေပါတယ် ။ ဘရန့်ဖို့အသင်းကလည်း အိမ်ကွင်းကောင်းတဲ့ အသင်းမျိုးဖြစ်ပြီး တိုက်စစ်အားသန်အသင်းလည်း ဖြစ်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်ဘရန့်ဖို့အသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ် ။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေးမြင့်နေတာကြောင့် ဝက််စ်ဟမ်းအသင်း ဂိုးရနိုင်တယ်လို့ ယူဆလို့ ရပါတယ် ။ အိမ်ကွင်းကောင်းတဲ့ ဘရန့်ဖို့အသင်းအနေနဲ့ အနိုင်ရမယ်ဆိုရင် ပြားရှစ်ဆယ်အရှုံးလောက်ထိ ပေးသင့်တာဖြစ်ပေမဲ့ လက်ရှိပေါက်ကြေးအရ သရေတစ်ပေါက် ရှိနေတယ်လို့ ထင်ပါတယ် ။ ဂိုးပေါင်းကြေးအရ ဝက်စ်ဟမ်းအသင်း ဂိုးရနိုင်သလို သရေကျရင်ပြားငါးဆယ်အနိုင်ရမဲ့ ဝက်စ်ဟမ်းအသင်းကို ကြိုက်ပါတယ် ။ ရလဒ်တွေဆိုးနေပြီး နှစ်ပွဲဆက် ဂိုးပြတ်ရှုံးထားတဲ့ ဝက်စ်ဟမ်းအသင်း သရေလောက်ပြန်ရပြီး ကြေးအောင်သွားမယ် ထင်ပါတယ် ။

◾နော်တင်ဟန်ဖောရက် Vs ဖူဟမ်

ခြေစွမ်းအတက်ဘက်ရောက်နေတဲ့ ခြေရည်တူနှစ်သင်း ထိပ်တိုက်တွေ့နေတာ ဖြစ်ပြီး ဘယ်အသင်းအနိုင်ရသွားမလဲ စောင့်ကြည့်ရမှာပါ ။ ဖောရက်အသင်းက အိမ်ကွင်းဆိုရင် ခံစစ်ပိတ်မကစားဘဲ တိုက်စစ်က ဂိုးရအောင် ကစားတတ်ပြီး နောက်ဆုံး ခုနှစ်ပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ် ။ ဖူဟမ်အသင်းကလည်း တိုက်စစ်ကောင်းနေပြီး နောက်ဆုံး ခြောက်ပွဲဆက် ဂိုးသွင်းထားနိုင်ပါတယ် ။ ဒီပွဲမှာ ဖောရက်အသင်းက ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ရှစ်ဆယ်အရှုံး ဖြစ်ပါတယ် ။ ဖောရက်အသင်းက နောက်ပွဲမှာ ချဲလ်ဆီးအသင်းနဲ့ ကန်ရမှာ ဖြစ်ပြီး ဖူဟမ်အသင်းကလည်း မန်စီးတီးအသင်းနဲ့ ကန်ရမှာ ဖြစ်တာကြောင့် ဒီပွဲမှာ အမှတ်ရဖို့ ကြိုးစားလာနိုင်ပါတယ် ။ တိုက်စစ်က ပွဲတိုင်းဂိုးသွင်းနိုင်တဲ့ အသင်းတွေ ဖြစ်ပြီး ဂိုးပေါင်းကြေး ပျော့နေတာ တွေ့ရပေမဲ့ နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီလောက် မြင်ရဖို့ ရှိပါတယ် ။ တစ်သင်းသင်းဂိုးရသွားရင် တစ်ဖက်အသင်းကလည်း ဂိုးရအောင်ပြန်သွင်းနိုင်တဲ့ အချက်ကြောင့် နှစ်သင်းပေါင်းသုံးဂိုးလောက်ထိ ရောက်သွားနိုင်ပါတယ် ။ ဂိုးပေါင်းကြေး ပျော့နေပေမဲ့ ဂိုးပေါ်ကိုဘဲ ကြိုက်ပါတယ် ။

◾ဝုဗ် Vs လီဗာပူးလ်

ဝုဗ်အသင်းက အရင်လို ခံစစ်မာကျောမှုမျိုး မတွေ့ရတော့ဘဲ နည်းပြဂယ်ရီအိုနေးရဲ့ တိုက်စစ်အသားပေး ကစားဟန်ကြောင့် ခံစစ်က ဂိုးတွေပေးနေရပြီး ရလဒ်ပြန်ကောင်းချင်စိတ် လောနေတာကြောင့် ဖိအားတွေ ရှိနေပါတယ် ။ လီဗာပူးလ်အသင်းကို ငါတို့အိမ်ကွင်းဆိုပြီး တိုက်စစ်ယှဥ်ကစားလာခဲ့ရင် သူတို့ဂိုးရဖို့ထက်
လီဗာပူးလ်အသင်းက ဂိုးတွေရသွားပြီး ဂိုးအလှူပေးသလို ဖြစ်သွားမှာပါ ။ လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက အကောင်းဆုံး ပုံစံမှာ ရှိနေပြီး တိုက်စစ်က ဂိုးသွင်းကြမ်းနေပါတယ် ။ ဒီပွဲမှာ အဝေးကွင်း လီဗာပူးလ်အသင်းက နှစ်လုံးရှစ်ဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ဖြစ်ပါတယ် ။ လီဗာပူးလ်အသင်းကသာ ဂိုးစရခဲ့ရင် ဝုဗ်အသင်းက  တိုက်စစ်ဖွင့်ကစားပြီး ခံစစ်ပေါက်ထွက်နေတာကြောင့် လီဗာပူးလ်အသင်း  နောက်တစ်ဂိုးရဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ် ။ လီဗာပူးလ်အသင်းကို တိုက်စစ်ယှဥ်ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဘုန်းမောက်အသင်းတို့ ဂိုးပြတ်ရှုံးခဲ့ကြသလို ဝုဗ်အသင်းလည်း ဂိုးပြတ်ရှုံးသွားနိုင်ပါတယ် ။ ဝုဗ်အသင်း ပြန်လာနိုင်ဦးမယ်မထင်သလို ပုံစံကောင်းရနေတဲ့ လီဗာပူးလ်အသင်း နှစ်ဂိုးပြတ်လောက် နိုင်သွားနိုင်လို့ လီဗာပူးလ်အသင်း ဘော်ဒီကိုဘဲ ရွေးချယ်ပေးချင်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *