September 28, 2024

၂၈. ၉. ၂၀၂၄
Written by Nay Moe

ပေါင်းတည်မြို့နယ်၊ ရွာသစ်ကြီးအုပ်စုမှာ ပထမဆုံးအကြိမ် အုပ်စုအုပ်ချုပ်ရေးမှူးဦးဥာဏ်ဝင်းကို သတ်ဖြတ်အပြီးမှာ ဦးဥာဏ်ဝင်းနေရာ ဆက်ခံတဲ့ ရွာသစ်ကြီးအုပ်စု အုပ်ချုပ်ရေးမှူးတင်ဦးကိုပါ သတ်ပစ်လိုက်ပြီလို့ သတ်ဖြတ်တဲ့ PDF နှစ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

သတ်ဖြတ်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်တိုက်နယ် ရွာသစ်ကြီးအုပ် အုပ်စုက အုပ်ချုပ်ရေးမှူးဦးဉာဏ်ဝင်းကို ၂၀၂၂ ခုနှစ်စက်တင်ဘာ ၁၄ ရက်မှာ သတ်ဖြတ်လိုက်တဲ့ ပေါင်းတည် PDF တွေဟာ ဦးဉာဏ်ဝင်းနေရာဆက်ခံတဲ့ ရွာသစ်ကြီးအုပ်စု အုပ်ချုပ်ရေးမှူးကို ဦးတင်ဝင်းကို နေထိုင်ရာ မြွေကြီးတွင်းရွာက နေအိမ်အထိသွားပြီး စက်တင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲဝန်းကျင်က သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ သတ်ဖြတ်ကြတဲ့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၅) နဲ့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ (၄) က ဝန်ခံထားပါတယ်။

ဦးတင်ဝင်းဟာ စစ်မှုထမ်းစုဆောင်းရာမှာအားတက်သရော လုပ်ဆောင်ပေးတာ၊ ဆိုင်ကယ်ဖမ်းဆီးပေါ်တာဆွဲတာ၊ မီတာခနဲ့ တောင်သူလယ်သမားချေးငွေတွေ ကောက်ခံပေးလို့ သတ်တာလို့ ကျုးလွန်တဲ့ PDF နှစ်ဖွဲ့က အကြောင်းပြချက်ပေးထားသလို ကျန်ရှိနေတဲ့ ပေါင်းတည်မြို့ပေါ် (၁၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေကိုလည်း သတ်ဖြတ်မယ်လို့ ကျူးလွန်ကြတဲ့ PDF နှစ်ဖွဲ့က ခြိမ်းခြောက်ထားပါတယ်။

ပဲခူးတိုင်းဟာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ အများအပြား သတ်ဖြတ်ခံရတဲ့ တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးပါတယ်။ နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *