September 28, 2024

၂၈. ၉. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးနိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့သို့ စက်တင်ဘာလ ၂၇ ရက်က အစ္စရေးလေတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ဟစ်ဇ်ဘိုလာစစ်သွေးကြွအုပ်စုခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာလာသေဆုံးခဲ့တယ်လို့ စက်တင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစ္စရေးတို့က ထုတ်ပြန်ခဲ့သော‌ကြေညာချက်မှာ နာ့စ်ရာလာနဲ့အတူ ဟစ်ဇ်ဘိုလာတို့ရဲ့တောင်ပိုင်းစစ် မျက်နှာတပ်မှူး အလီ ကာရာကီ အပါအဝင် တခြား ဟစ်ဇ်ဘိုလာတပ်မှူးတွေပါ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ နာ့စ်ရာလာ ဘေရွတ်မြို့တောင်ပိုင်း၊ Dahiyeh ဆင်ခြေဖုံးရပ်ကွက်အတွင်းက ဟစ်ဇ်ဘိုလာတို့ရဲ့ အခိုင်အမာ ဌာနချုပ်အတွင်းမှာရှိနေစဉ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဆိုပါဌာနချုပ်ကို Dahiyeh ဆင်ခြေဖုံးအတွင်း တခြားလူနေအဆောက်အအုံတွေရဲ့အောက်မှာ မြေအောက်ဌာနချုပ်အနေနဲ့ ဆောက်လုပ်ထားတာလို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေက ပြောခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင်နဲ့ ထိပ်တန်းတပ်မှူးတွေက အစ္စရေးနိုင်ငံအတွင်း နိုင်ငံသားတွေကို အကြမ်းဖက်တိုက်ခိုက်ဖို့ အစီအစဉ်တွေကို သူတို့ရဲ့ဌာနချုပ်မှာ တွေ့ဆုံညှိနှိုင်းနေစဉ်မှာ လေကြောင်းတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့တာလို့လည်း အစ္စရေးဘက်ကကြေညာချက်မှာ ဆိုခဲ့ပါတယ်။

Ref-The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *