September 28, 2024

၂၈.၉.၂၀၂၄
Written By Thandar

The Mask Singer Myanmar Season 2 မှာ ကလီယိုပတ်ထရာက ပရိသတ်ချစ်ခင်အားပေးနေတဲ့ အကယ်ဒမီ စိုးပြည့်သဇင်ဖြစ်နေသလို အမဖြစ်သူ စန္ဒီမြင့်လွင်ပါ မရိပ်မိအောင် Performance ပိုင်းကြိုးစားရလို့ တန်ပါတယ်လို့ ဆိုပါတယ်။

“Season 1 တုန်းကလည်း စိုးပြည့်က ကြည့်ဖြစ်ခဲ့တယ်လေ။ အရမ်းလည်း ပေါက်ခဲ့တယ်ဆိုတော့ စိုးပြည့် ဒီအစီအစဉ်မှာ ကိုယ့်ကို ကမ်းလှမ်းလာတော့ ရိုက်ကူးဖြစ်တာပါ။ ဝတ်စုံတွေ အထူးချုပ်လုပ်ပေးထားတာဆိုတော့ သေသေချာချာဝတ်ဆင်ခဲ့ရတယ်။ Performance ကိုလည်း သူများနဲ့ မတူအောင် လုပ်ရတယ်။ အဓိကတော့ ကိုယ့်အမလည်း ပါနေတော့လေ။ မခန့်မှန်းမိအောင် တအားခန္ဓာကိုယ် အရမ်းလှုပ်နေရတယ်။ မဒီး မမှတ်မိလို့ တန်တယ်။ အသံကို မမှတ်မိအောင်၊ အသံကိုသေချာဖျက်ဆိုရတယ်။ ကလီယိုပတ်ထရာလေးပါရှင့်။ The Mask Singer Myanmar အစီအစဉ်ကို ကြည့်ပြီး ကလီယိုပတ်ထရာလေးကို စိတ်ဝင်စားပြီး ခန့်မှန်းပေးကြလို့ ပျော်ရပါတယ်”လို့ အကယ်ဒမီ စိုးပြည့်သဇင်က ပြောပါတယ်။

အဆိုပါ The Mask အစီအစဉ်တင်ဆက်သူအနေနဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်များအနေနဲ့ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ငှက်ပျော်ကြော်၊ စန္ဒီမြင့်လွင်၊ မျက်နှာဖုံးရှင်ဆယ်လီတွေအနေနဲ့ နယ်ပယ်စုံက နာမည်ကြီး Celebrity (၁၈) ဦးတို့ကပါဝင်ပြီး အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

“စိုးပြည့်ရဲ့ Rock ဆိုတဲ့ အသံကာလာကိုရော၊ Pop ဆိုတဲ့ အသံကာလာကိုရော မှတ်မိပြီး ကလီယိုပတ်ထရာက စိုးပြည့်သဇင်ပါလို့ ၁၀၀% ခန့်မှန်းပေးကြတဲ့ သူလေးတွေကိုလည်း ကျေးဇူးများကြီးတင်ရပါတယ်။ ဒီအစီအစဉ်လေးမှာ ပါဝင်ခဲ့ရတဲ့အတွက် စိုးပြည့်လည်း အရမ်းကို ဝမ်းသာကျေနပ်မိပါတယ်ရှင့်။ ဒီ အစီစဉ်လေးကြောင့် ပရိသတ်တွေအနေနဲ့ ခဏလောက်ဖြစ်ဖြစ် ဘဝအမောတွေပြေပျောက်ပြီး ပျော်ရွှင်စေနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအစီစဉ်လေးကလည်း အရင်လတွေထဲက ကြိုတင်ရိုက်ထားတာဖြစ်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

ဒီအစီအစဉ်ရဲ့ ထူးခြားမှုမှာ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးဝတ်စုံနောက်ကွယ်မှာနေတဲ့ သူတို့ရဲ့ သရုပ်မှန်ကိုမပေါ်အောင် နောက်ဆုံးအချိန်အထိလျှို့ဝှက်ကာ သီဆိုယှဉ်ပြိုင်ကြတဲ့ Celebrity မည်သူမည်ဝါဖြစ်မလဲဆိုတဲ့ ပဟေဠိကို ဆယ်လီစုံထောက်တွေနဲ့ပရိသတ်တွေက အသံနဲ့ဟန်ပန်အမူအယာကို နားဆင်ကြည့်ရှု ခန့်မှန်းဖော်ထုတ်အဖြေညှိရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *