September 27, 2024

၂၇.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံ၊ ဆူလာ့ခ်ျဌာနီခရိုင်၊ ကော့စမွီမြို့နယ်၊ မတ်လတ်ကျေးရွာတွင် ကြက်တိုက်လောင်းကစားလုပ်နေသည့် မြန်မာနိုင်ငံသားများ အဖမ်းခံခဲ့ရကြောင်း ထိုင်းဒေသတွင်းသတင်းများတွင် ဖော်ပြကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်က ကော့စမွီမြို့နယ်၊ မတ်လတ်ကျေးရွာအတွင်း တရားမဝင် ကြက်ဝိုင်း လောင်းကစား ပြုလုပ်‌နေ‌ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းရသောကြောင့် သွားရောက်ဖမ်းဆီးခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းများက ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့က ကြက်ဝိုင်းကိုဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ရာတွင် မြန်မာနိုင်ငံသားများ အပြင် ထိုင်း၊ လာအို နိုင်ငံသားများလည်းပါဝင်ကြောင်း၊ အဖမ်းခံရသူ စုစုပေါင်း ၂၂ ဦး ရှိကြောင်း သိရသည်။

ယခုအခါ အဖမ်ခံရသူများမှာ ဘိုဖွတ်ရဲစခန်းအချုပ်အတွင်း ရှိနေကြပြီး ယင်းတို့ကို စစ်ဆေး၍ လောင်းကစား အမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားချက်အရ သိရသည်။

Sources-Khaosod News and bodu365

Leave a Reply

Your email address will not be published. Required fields are marked *