September 27, 2024

MT News
၂၇. ၉. ၂၀၂၄

ရခိုင်ကမ်းရိုးတန်း ကျောက်ဖြူမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်း ဖမ်းဆီးရမိခဲ့သည်ဟု ​မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညထုတ်ပြန်သည်။

တပ်မတော်(ရေ)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၄ နာရီအချိန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ရခိုင်ကမ်းရိုးတန်းတွင် ကမ်းရိုးတန်းသွားစက်လှေပေါ်ပါ မြလွင်၊ မင်းမင်းစိုး၊ သန့်ဇင်နိုင် နှင့် နိုင်လင်းထွန်း တို့ ၄ ဦးအား ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၇၈ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရန်ကုန်မှ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ ပို့ဆောင်ခိုင်းသူ ဇော်မင်းဦး(ခ)ကိုဇော် နှင့် ပြည့်ဖြိုးမောင် တို့အား ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းမိတရားခံများသည် သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ရေကြောင်းဖြင့် သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရ၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *