September 27, 2024

၂၇. ၉. ၂၀၂၄
Written by Thettant

ဒီနေ့ စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲအချိန်က စတင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Lumpinee အားကစားကွင်းမှာ ကျင်းပနေတဲ့ ONE Friday Fights 81 မှာ တွေ့မရှောင်ပေါက်စလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ ဆယ်ကျော်သက်ဖိုက်တာ သန့်ဇင်နဲ့ ဂျပန်ကစ်ဘောက်ဆင်ချန်ပီယံ တခဲရုတို့ ယှဥ်ပြိုင်ထိုးသတ်ရာမှာ သန့်ဇင်က တခဲရုကို ပထအချီမှာ အမှတ်စဥ်ရေခံရအောင် ထိုးနိုင်ပေမဲ့ ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးခဲ့ပါတယ်။

အောင်လအလွန် One Championship မှာ စိုးလင်းဦးနဲ့ သန့်ဇင်က မြန်မာ့ကိုယ်စားပြုကြယ်ပွင့်ကြီးတွေဖြစ်လာမယ်လို့ One Championship က တင်စားရသလို ကမ္ဘာပေါ်က အရက်စက်ဆုံးသောအလဲထိုးဖိုက်တာတွေထဲက တစ်ဦးဖြစ်လာတဲ့ ၁၉ နှစ်သား သန့်ဇင်ဟာ သူမကျွမ်းကျင်တဲ့ ကစ်ဘောက်ဆင်ထိုးသတ်နည်းကိုမှ One မှာ အဆင့် (၃) နဲ့ ဂျပန်မှာ ချန်ပီယံဆုများစွာ ရယူထားတဲ့ ကမ္ဘာ့အဆင့်ကစ်ဘောက်ဆင်ချန်ပီယံ တခဲရုကို ဘက်ပေါင်းစုံက အကျောပေးထိုးသတ်ရပေမဲ့ ရှိန်နေတာမရှိဘဲ တိုက်စစ်ဖွင့်ခဲ့သလို ပထမအချီမှာကို သန့်ဇင်ရဲ့ ဘယ်ညာတွဲလုံးမိလို့ တခဲရုဖင်ထိုင်ကျပြီး အမှတ်စဥ်အရေခံရအောင်ထိုးပြနိုင်ခဲ့တာ အားရစရာပါ။ ပိုပြီး အားရစရာကောင်းတာက တခဲရုနဲ့ နောက်ပွဲထိုးမဲ့ ရော့ထန်ကပါ ခေါင်းခါနေတာကို မြင်ခဲ့ရတာပါ။

ဒါပေမဲ့ ဒုတိယအချီမှာတော့ အခြေအနေကပြောင်းပြန်ဖြစ်သွားပါတယ်။ ပထမအချီနိမ့်ခဲ့တဲ့ တခဲရုက ဒုတိယအချီမှာ ဆိုင်ထိုးပြိုင်ထိုးပြီး တိုက်စစ်ဖွင့်ရာမှာ သန့်ဇင် ယှဥ်ထိုးနိုင်ခဲ့ပေမဲ့ နင်းခြေတစ်ချက်ဟာ အူအတက်ခွဲထားတာ မကြာသေးတဲ့ သန့်ဇင်ဗိုက်ထဲဝင်သွားအပြီးမှာ သန့်ဇင်ခွေသွားပြီး အမှတ်စဥ်ပြန်အရေခံရသလို တခဲရုဆက်တိုက်လာတဲ့ ဒူးတိုက်ချက်တွေ လက်သီးတွေကို တောင့်မခံနိုင်တဲ့နောက် မူးဝေနေတဲ့သန့်ဇင်က ဒိုင်ပွဲရပ်နဲ့ အလဲထိုးခံလိုက်ရပါတယ်။

ဒီနေ့ပွဲဟာ ကစ်ဘောက်ဆင်မှာ မကျွမ်းကျင်တဲ့သန့်ဇင်ရဲ့ ဝါနုမှုနဲ့ တခဲရုရဲ့ ပါးနပ်မှုတို့ ဆုံသွားခဲ့တာဖြစ်ပြီး တခဲရုရဲ့ မာဂုဏ်ကလည်း အလွန်မြင့်နေပြီး သန့်ဇင်ရဲ့ ကန်ချက်တွေ ထိုးချက်တွေက အလုပ်မဖြစ်ခဲ့တာကြောင့်လည်း သန့်ဇင်ရှုံးသွားခဲ့သလို One ကလည်း ရော့ထန်နဲ့ တခဲရုတို့နောက်ပွဲကို တစ်ပါတည်းမိတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။

ဒီနေ့ညမှာ သန့်ဇင်နဲ့ စိုးလင်းဦးတို့ ထိုးသတ်ကြမှာဖြစ်ပြီး သန့်ဇင်ကတော့ ရှုံးသွားပြီမို့ သံမဏိစိုးလင်းဦးကပဲ မြန်မာ့ဂုဏ်မြှင့်နိုင်ပါစေလို့….။

Leave a Reply

Your email address will not be published. Required fields are marked *