September 27, 2024

၂၇.၉.၂၀၂၄
Written By Thandar

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသမှာ မြေပြိုသေဆုံးရသူတွေကို သရုပ်ဆောင် ခိုင်နှင်းဝေက ဒီနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကျပ်သိန်း ၅၅၀၀ ခန့်ကို ဝေမျှကူညီပေးခဲ့ပါတယ်။

“သွားရလာရခက်ခဲပြီးတော့ လူအရောက်နည်းတဲ့ ရှမ်းပြည်နယ် ဟိုပုံးမြို့ မဲနယ်တောင်ဒေသကို အမအနေနဲ့ဒီနေရာမှာ ကျပ်သိန်း ၅၅၀၀ ကို ဝေမျှ ကူညီဖြစ်ခဲ့ပါတယ်ရှင့်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

အဆိုပါ နေရာဒေသမှာကတော့ အိမ်ခြေပေါင်း ၂၆၁ အိမ်အတွက် တစ်အိမ်ထောင်စုကို ကျပ် သိန်း ၂၀ စီနဲ့ မိသားစုဝင်ထဲက သေဆုံးသူ ၂၆ အိမ်ထောင်စုစာအတွက် ထပ်မံပြီး တစ်ဦး ၁၀ သိန်း စုစုပေါင်း သိန်း ၅၅၀၀ နီးပါးကို လှူဒါန်းခဲ့ပါတယ်။

“သာဓုသာဓုပါ ထပ်တူဝမ်းသာပီတိ ဖြစ်ရပါတယ်ရှင့်။ အစဉ်ထာဝရအမြဲတမ်းအမှတ်ရနေမှာပါ။ ပအိုဝ်းသူတစ်ယောက်အနေနဲ့ ဝမ်းသာပီတိမျက်ရည်ကျရပါတယ်။ ပအိုဝ်းတိုင်းရင်းသား၊ လီဆူတိုင်းရင်းသားများကိုယ်စား အထူးကျေးဇူးတင်ပါတယ်” လို့ ခိုင်နှင်းဝေရဲ့ Post အောက်မှာ ပရိသတ်တွေက ပြောလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *