September 27, 2024

၂၇.၉.၂၀၂၄
Written By Zun

ငွေတိုးပေးသူအမျိုးသမီးတစ်ဦး အသတ်ခံရမှု ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စံပယ်(၁)လမ်းတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ဝေဘာဂီနယ်မြေရဲစခန်းမှ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများနှင့် သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်ရှေ့ခန်းကုလားထိုင်ပေါ်တွင် အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

သေဆုံးသူ၏ ကိုယ်ပေါ်တွင် သွေးထွက်နေသော ပြတ်ရှဒဏ်ရာအပြင် ပါးစပ်အတွင်းသို့ အရှည်(၈)လက်မခန့်၊ လုံးပတ် (၂)လက်မခန့်ရှိ ငရုတ်ကျည့်ပွေ့(၁)ခု ထိုးထည့်ထားသည်ကိုတွေ့ရကြောင်း သိရသည်။

သေဆုံးသူမှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ စံပယ်(၁)လမ်းတွင်နေထိုင်သော အသက် ၆၀ နှစ်အရွယ် ဒေါ်ရီရီမာ ဆိုသူဖြစ်ကြောင်း၊ ယင်းမှာ ငွေတိုးချေးစားသူဖြစ်ကြောင်း၊ အခင်းဖြစ်ရာနေရာအနီးတွင် သေဆုံးသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း(၁)ခု၊ ဖုန်းနံပါတ်ဆင်းကတ်ပါ VIVO အမျိုးအစားအစိမ်းနက်ရောင်ဖုန်း(၁) လုံး တို့ကို တွေ့ရကြောင်း သိရသည်။

သေဆုံးသူအနေဖြင့် ငွေတိုးချေးစားကြောင်း စုံစမ်းသိရှိရသောကြောင့် ငွေကြေးကိစ္စဖြင့် ကျူးလွန်ခံရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အမှုနှင့်ပတ်သက်၍ ဝေဘာဂီနယ်မြေရဲစခန်းက တရားလိုပြုလုပ်၍ (ပ) ၁၁၀ / ၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *