September 27, 2024

၂၇.၉.၂၀၂၄
Written by TZ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၅၇/ ၄ နှင့် ၅၇/ ၅ ကြားရှိ ကွေ့ကြောတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ ကုန်စိမ်းတင်ဆောင်လာသည့် ယာဥ်တစ်စီးတိမ်းမှောက်သဖြင့် ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၅ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးမှ ရန်ကုန်သို့ ကုန်စိမ်းများတင်၍ မောင်းလာသည့် စကားဝါမြေယာဥ်မှာ မိုင်တိုင်အမှတ် ၅၇/၄နှင့်၅၇/၅ကြားရှိ ကွေ့ကြောတွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိသောကြောင့် ဘောနီအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်( ၁)စီးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ယာဥ်မောင်းအိပ်ငိုက်လို့ဖြစ်တာ။ ယာဥ်ထဲမှာ ကုန်စိမ်းတွေသယ်လာတာ။ ယာဥ်မောင်းက ဦးခေါင်းနောက်စေ့ဒဏ်ရာရတယ်။ ယာဥ်နောက်လိုက်အမျိုးသား ၂ ယောက်ကတော့ ထိခိုက်မှုမရှိဘူး။ ယာဥ်ရဲ့ဘယ်ဘက်ခြမ်းတော့ ပျက်စီးတာရှိတယ်” ဟု ဘောနီအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

အိပ်ငိုပ်ရာမှ ယာဥ်တိမ်းမှောက်သဖြင့် ဒဏ်ရာရရှိသူ စကားဝါမြေအဝေးပြေးယာဥ်မောင်းအမျိုးသားကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့​ဆောင်လိုက်ကြောင်း သိရသည်။

Photo – MFSD

Leave a Reply

Your email address will not be published. Required fields are marked *