September 27, 2024

◾ ရာအိမ်မှူး၏ ညာဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူနေ

၂၇.၉.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး ၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောင်ဆန်းဈေး‌ရှေ့တွင် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှု ယမန်နေ့ ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသော ရာအိမ်မှူးမှာ အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်၊ အောင်ဆန်းဈေးလမ်းတွင်နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဦးမင်းထွန်းဖြစ်သည်။

ဦးမင်းထွန်းကို ယာဉ်အမှတ် FF/—— ဖီဒါအဖြူရောင် Taxi ပေါ်မှ အမျိုးသားတစ်ဦးက သေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့ကာ ယာဉ်ကိုမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

“အနီးကမြင်တဲ့သူတွေပြောပြတာကတော့ တက္ကစီပေါ်ကနေ ပစ်သွားတာ။ ကံကောင်းလို့ ဒဏ်ရာရတာလောက်ပဲဖြစ်တာ။ အခုတလော အုပ်ချုပ်ရေးအဖွဲ့ထဲမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ ဖြစ်လာသလို ရှိနေတယ်။ ဒါကို သက်ဆိုင်ရာကလည်း လုံခြုံရေးဆောင်ရွက်နေတာတွေရှိတယ်။ အဓိက ကတော့ သန်းခေါင်စာရင်းကောက်မယ်ဆိုတဲ့ကိစ္စကြောင့်လည်း ပါမယ်ထင်တယ်။ လူတွေကြောက်နေအောင် လုပ်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု အောင်ဆန်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးက MT News ကို ပြောသည်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ဦးမင်းထွန်း၏ ညာဘက်ရင်အုံတွင် ကျဉ်ထိမှန်ခဲ့ကြောင်း၊ ယခုအခါ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိတွင် သေနတ်ဖြင့်ပစ်ခတ်သွားသူနှင့် တက်စီယာဉ်ကို သက်ဆိုင်ရာက လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *