September 26, 2024

၂၆.၉.၂၀၂၄
Written By Thandar

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် ခိုင်နှင်းဝေနဲ့အတူ သူချစ်ခင်ရုပ်ရှင်အဖွဲ့သားတွေက ကလောမြို့နယ်အတွင်းရေဘေးသင့်ပြည်သူ‌တွေရဲ့ လိုအပ်တဲ့ နေရာ‌တွေကို ကျပ်သိန်း ၂၅၀၀ ထပ်မံ ကူညီမျှဝေဖြစ်ခဲ့ပါတယ်လို့ သိရပါတယ်။

“ကလောမြို့နယ်အတွင်း လိုအပ်တဲ့ နေရာ‌တွေကို ကျပ်သိန်း ၂၅၀၀ ထပ်မံ ကူညီမျှဝေခဲ့ပါတယ်။ ဒီငွေထဲမှာ ကျပ် သိန်း ၆၀၀ ကို‌တော့“သူချစ်ခင်” ရုပ်ရှင်အဖွဲ့ တွေကလည်း ပါဝင်ကုသိုလ်ယူ လှုဒါန်းပေးတဲ့အတွက်လည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ် ရှင်”လို့ သရုပ်ဆောင်ခိုင်နှင်းဝေက ပြောပါတယ်။

သူ့မနဲ့အတူ သူချစ်ခင် ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေကလည်း ကလောပြည်သူ့ဆေးရုံက လူနာ ၇၁ ဦးကို တစ်အိမ်ထောင် ကျပ် ၅ သိန်းဆီကိုလည်း ယနေ့ စက်တင်ဘာ ၂၆ ရက်မှာ လှူဒါန်းခဲ့ပါတယ်။

သူချစ်ခင် အဖွဲ့သားတွေဖြစ်တဲ့ ထုတ်လုပ်သူ ကိုကျော်ကျော်ဦး၊ ဒါရိုက်တာ မယ်မင်းဘုံ၊ ကျော်ထက်အောင်၊ ညီထွဋ်ခေါင်၊ ရတနာဗို၊ သင်းသဲဗိုစတဲ့သူတွေက မ,တည်ငွေ သိန်း ၆၀၀ နဲ့ ကလောမြို့ မြေပြိုကျသူများအတွက် အိမ်ထောင်စု ၇၀ ကို တစ်အိမ် သိန်း၃၀၊ ကလောပြည်သူ့ ဆေးရုံ မှ လူနာများ ကို တစ်ဦးလျှင် ၅ သိန်းလူဦးရေ ၇၁ ဦးကို မေမေခိုင်နဲ့အတူ သွားရောက်လှုဒါန်းပေးခဲ့ပါတယ်။

“ကလောမှာ အိမ်တွေ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်တဲ့ နေရာတွေသွားရောက်ပြီးတော့ အားပေးစကားတွေနဲ့ ဖေးမအားပေးကူညီခဲ့ကြပါတယ်”လို့ “သူချစ်ခင်” အဖွဲ့သားတွေက ပြောပါတယ်။

ခိုင်နှင်းဝေကတော့ ရေဘေး သီးသန့် အလှုငွေသိန်း ၂ သောင်း ပြည့်သွားပြီဖြစ်ပြီး ဆက်လက်ပြီး ဟိုပုန်းမြို့နယ်သို့ သွားရောက်ကူညီ မျှဝေဖြစ်ပါဦးမယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *