September 26, 2024

၂၆.၉.၂၀၂၄.
Translated by Htwe Ko Tun

‘ငြိမ်းချမ်းရေးအတွက်ဦးဆောင်မှု’ဟုအမည်ပေးထားသော ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၏ အဆင့်မြင့် အစည်းအဝေးကို အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့တွင် စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လက်ရှိကမ္ဘာ့ငြိမ်းချမ်းရေးကိုထိခိုက်နေသော အရှေ့အလယ်ပိုင်းတင်းမာမှုအရေးအ ခင်းများနှင့် ယူကရိန်းစစ်ပွဲတို့နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြသည်။ ဝမ်ယိက ဂါဇာဒေသတွင် အပစ်အခတ် အမြဲတမ်းရပ်စဲရေးအတွက် အမြန်ဆုံးဆောင်ရွက်ရန်၊အစ္စရေးတပ်များ ဂါဇာဒေသမှ လုံးဝရုပ်သိမ်းရန်နှင့် လက်ဘနွန်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အ တည်းအခြေအနေသစ်တစ်ရပ် ထပ်မံပေါ် ပေါက်လာနိုင်မှုကိုတားဆီးရန်တို့အား ဆွေးနွေးခဲ့သည်။ ထို့ပြင် ၎င်းက ပါလက်စတိုင်းတို့က ကုလသမဂ္ဂ၏ တင်းပြည့်အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သင့်ကြောင့်လည်း ပြောခဲ့သည်။

ဆက်လက်၍ ဝမ်ယိက ယူကရိန်းပဋိပက္ခကိုလည်း ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲများ၊ နိုင်ငံရေးနည်း လမ်းများဖြင့်သာ ဖြေရှင်းသွားရေးကို ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်ယိက ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားဖြတ်အစိုးရအဖွဲ့ခေါင်းဆောင် မူဟာမက် ယူနပ်စ်နှင့်လည်း စက်တင်ဘာလ ၂၅ ရက်၌ပင် ဆက်လက်တွေ့ဆုံခဲ့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် အစဉ်အလာချစ်ခင်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းထားရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်လက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းက နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်အားထားမှုရှိရေးနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း(BRI) များကို ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း တောင်းဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ အုပ်ချုပ်မှု၊ ပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများဖလှယ်ရန် တို့ကိုလည်း ၎င်းကပြောခဲ့သည်။

ယူနပ်စ် ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနှင့် တရုတ်နိုင်ငံ၏အတွေ့အကြုံများကို လေ့လာရန်အသင့်ရှိပါကြောင်းနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြုလုပ်သွားမည်ဟု ပြန်လည်ပြောကြားခဲ့သည်။

Ref. Xinhuanet

Leave a Reply

Your email address will not be published. Required fields are marked *