September 26, 2024

၂၆.၉.၂၀၂၄
Written By Thandar

Mrs Ethnic Tourism 2024 ပြိုင်ပွဲကြီးရဲ့အနယ်နယ်အရပ်ရပ်က ကိုယ်စားပြုအလှမယ် ၁၅ ဦး မိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။

“ပြည်နယ်အလိုက် ကိုယ်စားပြုအလှမယ် ၁၅ ဦးကို မိတ်ဆက်တဲ့ ‌ပွဲလေးပါ။ Women Power အဓိကထားပြီး ယှဉ်ပြိုင်ကြမယ့်ပွဲလေးပါ။ အသက်ကိုလည်း ကြီးတယ်ငယ်ရယ်လို့မဟုတ်ပါဘူး။ အသက်ကို ကန့်သတ်မထားဘဲ လုပ်ဆောင်ထားတဲ့ပွဲလေးပါ။ အမျိုးသမီးတိုင်းမှာ အလှမယ်ဖြစ်နိုင်တဲ့ အခွင့်အရေးတွေလည်းရှိပါတယ်။ ဆုကြေးအနေနဲ့ Tilte ဆုပေးအပ်ချီးမြှင့်ပေးအပ်သွားမှာပါ။ အမျိုးသမီးတိုင်းအတွက် အခွင့်အရေးတွေအများကြီးရလာမှာပါ ” လို့ Director မအေးပြည့်ဝေအောင်ကပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ အကဲဖြတ်အမှတ်ပေးဒိုင်အနေနဲ့ MakeUp Artist လင်းလင်း၊ ဒီဇိုင်နာ သျှတ္တရ ၊ Pageant and Runway Coach အနေနဲ့ အောင်ပိုင်၊ Miss Universe Myanmar 2017 ဇွန်သံစဉ်၊ ဒီဇိုင်နာ မြပွင့်ဖြူ ၊ Mrs Ethnic Tourism 2022 မြနန္ဒာစတဲ့သူတွေ ပါဝင်ကြမှာလည်းဖြစ်ပါတယ်။

Mrs Ethnic Tourism 2024 ပြိုင်ပွဲကြီးကို လာမယ့် အောက်တိုဘာ ၄ ရက်‌နေ့မှာ ရန်ကုန်မြို့ Sedona Hotel မှာ ခမ်းနားစွာကျင်းပပြီး Winner ကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

Mrs Ethnic Tourism 2024 Winner အလှမယ်တွေက ရရှိမယ့် အကျိုးခံစားခွင့်တွေအဖြစ် Gift Voucher များစွာပေးအပ်မယ့်အပြင် ပြိုင်ပွဲမှာ အလှမယ်တွေကို ချီးမြှင့်ပေးအပ်သွားမယ့် Title Awards တွေက Mrs Elegant ၊ Popular Award၊ Best In Evening Gown၊ National Costume ၊ Mrs Intelligence ၊ Best Smile၊ Best Body၊ Mrs Thanbula၊ Mrs King Plastic Surgery ၊ Mrs Shwe Nadi ၊ Mrs Serenity Love၊ Mrs Shwe Taw Win Eain အစရှိတာတွေ ပေးအပ်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *