September 27, 2024

၂၆.၉. ၂၀၂၄
Written by Shwe Phyo

တရုတ်အကောက်ခွန်ဌာနသည် တရုတ်နိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုအများဆုံးနိုင်ငံများစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက တတိယနေရာတွင်ရှိနေခဲ့ပြီး ရုရှားနိုင်ငံနှင့် တာ့ခ်မင်နစ္စတန်နိုင်ငံတို့က ပထမနှင့် ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့များတင်ပို့ပေးမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံများစာရင်းတွင် ရုရှားနိုင်ငံက အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ ဓာတ်ငွေ့များ တင်ပို့ခဲ့ကြောင်း သိရသည်။ တာ့ခ်မင်နစ္စတန်နိုင်ငံသည်တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း ပိုက်လိုင်းမှတစ်ဆင့် ဓာတ်ငွေ့အများဆုံးတင်ပို့ခဲ့သော နိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသော်လည်း ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် တင်ပို့မှု ပမာဏ အနည်းငယ်လျော့နည်းခဲ့သည်။

တရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်များအရ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၉၁၃ သန်းတန်ဖိုးရှိ ဓာတ်ငွေ့များကိုပိုက်လိုင်းမှတစ်ဆင့် တင်ပို့ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ ယခုနှစ်အတွင်း ဓာတ်ငွေ့အများဆုံးတင်ပို့ခဲ့သောနိုင်ငံများစာရင်းတွင် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်နိုင်ငံတို့လည်း ထိပ်ဆုံးငါးနိုင်ငံအတွင်း ပါဝင်နေကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားနယ်စပ်ဖြတ်ကျော်သွယ်တန်းထားသည့် ပိုက်လိုင်းနှစ်ခုရှိနေပြီး ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်ကာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ကူမင်းမြို့မှတစ်ဆင့် Guizhou နှင့် Guangxi မြို့များသို့ ဆက်လက်သွယ်တန်းထားပြီး စုစုပေါင်းအရှည် ၂,၈၀၆ ကီလိုမီတာ (၁,၇၀၀ မိုင်) ရှိကာ ဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် မိုင် ၅၀၀ နီးပါးရှိနေကြောင်း သိရသည်။ ထိုပိုက်လိုင်းနှစ်ခုသည်မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ် အနောက်ဘက်ကမ်းရိုးတန်းမှ အရှေ့မြောက် ရှမ်းပြည်နယ်ကတစ်ဆင့် တရုတ်နိုင်ငံ၏ အနောက်ဘက်ပြည်နယ်များအထိ ဆက်သွယ်ထားသော စီမံကိန်းကြီးဖြစ်သည်။

REF TASS

Leave a Reply

Your email address will not be published. Required fields are marked *