September 27, 2024

၂၆.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ( ၂) ရပ်ကွက်တွင် နေထိုင်သည့် Grade-8 ကျောင်းသူတစ်ဦးမှာ ၂ ရက်ခန့်ကြာ ပျောက်ဆုံးနေကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခန့်တွင် ပျောက်ဆုံးနေသည့် Grade-8 ကျောင်းသူ မထက်ထက်ဝင်းမှာ နေအိမ်မှ စျေးဆိုင်သို့ ပစ္စည်းဝယ်ရန် မိဘများကိုပြောပြီး ထွက်သွားကြောင်း၊ ၎င်းမှာ နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိသောကြောင့် မိဘများမှာ ညနေ ၃ နာရီခန့်တွင် ဖုန်းအဆက်အသွယ်ရပြီးနောက် ၃ နာရီခွဲအချိန်တွင် ထပ်မံခေါ်ရာ ၎င်းကိုင်ဆောင်သည့် ဖုန်းမှာစက်ပိတ်ထားကြောင်း၊ ထိုကျောင်းသူကို ယနေ့စက်တင်ဘာလ ၂၆ ရက်နေ့အထိ မိဘများမှာ သတင်းမရရှိသောကြောင့်စိုးရိမ်ပူပန်နေရကြောင်း သိရသည်။

“အရင်ကလည်း မုန့်ဆိုင်သွားပြီး ပြန်ပြန်လာတာ။ ပစ္စည်းဝယ်မို့ဆိုပြီး ထွက်သွားတာ။ ၃ နာရီလောက်က ဖုန်းဆက်တာရတယ်။ နောက်တစ်ခါ ၃နာရီ ၃၀ မှာ ဆက်တာ ဖုန်းပိတ်သွားတယ်။ ညီမလေးက ICEC မှာ ကျောင်းတက်နေတဲ့သူ။ မနေ့ကကျောင်းပိတ်တော့ ဝယ်စရာရှိတယ်ဆိုပြီး ထွက်သွားတာ။ အိမ်နဲ့ဆိုင်နဲ့ဆို သွားရင် ၅ မိနစ်လောက်ပဲကြာတာ။ ဒီနေ့သူသွားတဲ့ဆိုင်က CCTV ကြည့်မို့”ဟု ပျောက်ဆုံးနေသည့် ကျောင်းသူမထက်ထက်ဝင်း၏ အစ်မဖြစ်သူက MT News သို့ ပြောသည်။

ပျောက်ဆုံးနေသူ မထက်ထက်ဝင်းကို လှိုင်မြို့နယ်ရှိ ပိတောက်ချောင်းရဲစခန်းတွင် လူပျောက်တိုင်ကြားထားပြီး ထိုကျောင်းသူကို မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ဖုန်း ၀၉-၂၆၁၉၄၄၀၂၀ အား ဆက်သွယ်ပေးပါရန် အကူအညီတောင်းခံထားသည်။ (Photo – Mya Thin Kyi)

Leave a Reply

Your email address will not be published. Required fields are marked *