September 27, 2024

၂၆.၉.၂၀၂၄
Written by Hey Mar

ရန်ကုန်မြို့ ၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်မှာ ဒီနေ့ စက်တင်ဘာ ၂၆ ရက် မနက် အစောပိုင်းက အမျိုးသားကြီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီသွားခဲ့တဲ့ အောင်နိုင်သူ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။

ယာဉ်တိုက်ခံရသူအမျိုးသားက အမည်မသိ နေရပ်စုံစမ်းဆဲဖြစ်ကာ အတိုက်ခံရတဲ့အချိန်အတိအကျကိုလည်း မခန့်မှန်းနိုင်တဲ့အပြင် တိုက်သွားတဲ့ယာဉ်ကိုလည်း မသိရှိကြဘူးလို့ အဆိုပါအသင်းတာဝန်ရှိသူက ဆိုပါတယ်။

သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ” မနက် ၁ နာရီ‌ကျော်လောက်က ကျွန်တော့်အသင်းကို ဖုန်းဝင်လာတယ်။ တာဝန်သိပြည်သူက ဆက်တာပေါ့။ လမ်းပေါ်မှာ လူတစ်ဦး ဖြတ်ပြေးနေတယ်။ ကားတိုက်ခံရမှာစိုးလို့ အသင်းတွေဆီ ဖုန်းဆက်ပေးတာဆိုပြီး ဖုန်းဝင်လာတယ်။ ကျွန်‌တော်တို့က အဝေးရောက်နေတော့ မြေပြင်နဲ့ အနီးဆုံးအသင်းကို ထပ်ပြီးသတင်းပို့‌ပေးတယ်။ နောက်ထပ် နာရီပိုင်းလောက်ကြာတော့ စက်ထဲကို သတင်းဝင်လာတယ်။ သာကေတ အောင်သုခနားမှာ လူတစ်ဦး တိုက်ပြေးဆိုပြီး စိတ်မကောင်းစွာကြားရပါတယ် ” လို့ ဖြစ်စဉ်ကို သိရှိတဲ့အတိုင်း ပြောပြပါတယ် ။

ယာဉ်တိုက်ခံရလို့ သေဆုံးသူရဲ့အချက်အလက်‌တွေကို သက်ဆိုင်ရာ ဌာနက စိစစ်နေပြီး အောင်နိုင်သူ လူမှုကူညီရေးအသင်းက ရန်ကုန်ဆးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *