September 27, 2024

၂၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

အာကာသအတွင်း ကမ္ဘာနဲ့နီးကပ်စွာတည်ရှိတဲ့ Arjuna ဂြိုလ်သိမ်ဂြိုလ်မွှားအုပ်စုကိုလေ့လာနေတဲ့ သိပ္ပံပညာရှင်အုပ်စုရဲ့ခေါင်းဆောင် စပိန်နိုင်ငံက ပါမောက္ခ Carlos de la Fuente Marcos က 2024 PT5 လို့အမည်ပေးထားတဲ့ သေးငယ်လှတဲ့ဂြိုလ်သိမ်လေးတစ်ခုက ကမ္ဘာရဲ့ ဒုတိယမြောက် အရံလတစ်စင်းအနေနဲ့ စက်တင်ဘာလအတွင်း ရပ်တည်လာလိမ့်မယ်လို့ စက်တင်ဘာလ တတိယပတ်ကပြောခဲ့ပါတယ်။

ဒါပေမယ့် သူကလက်ရှိတည်ရှိနေတဲ့ လနဲ့တူညီမှာမဟုတ်ဘဲ အလွန်သေးငယ်ကာ သူရဲ့ မူလတည်နေရာ ဂြိုလ်သိမ်ဂြိုလ်မွှားပတ်လမ်းထဲသို့ ပြန်လည်မဝင်ရောက်မီ နှစ်လခန့် ကမ္ဘာရဲ့ အရံလအနေနဲ့ ပတ်လိုက်ပြီး နေမင်းကြီးကိုလည်း လှည့်ပတ်နေမှာဖြစ်ပါတယ်။ ကမ္ဘာရဲ့ မူရင်းတည်ရှိနေတဲ့ လ ကတော့ လူသားတို့ရဲ့ ကမ္ဘာကြီးကိုလှည့်ပတ်နေတာ နှစ်ပေါင်း ၄ ဘီလျံလောက်ရှိပြီလို့ဆိုကြပါတယ်။

ဒီလို လငယ်လေးတွေတွေ့ရှိရမှုကို လေ့လာတဲ့ အဆိုပါသိပ္ပံပညာရှင်အဖွဲ့က 2024 PT5 ဂြိုလ်သိမ်လေးဟာ Arjuna ဂြိုလ်သိမ်ဂြိုလ်မွှားအုပ်စုရဲ့ ပတ်လမ်းကြောင်းထဲကလို့ ဆိုပါတယ်။ ဒီပတ်လမ်းထဲမှာ ဂြိုလ်သိမ်လေးတွေအပြင် ကြယ်တံခွန်တွေလည်းရှိပါတယ်။

အဆိုပါ Arjuna ဂြိုလ်သိမ်ဂြိုလ်မွှားအုပ်စုရဲ့ ပတ်လမ်းကြောင်းမှာရှိနေတဲ့ အချို့သော အရာဝတ္တုတွေဟာ ကမ္ဘာကြီးကို မိုင်ပေါင်း ၂ ဒသမ ၈ သန်း(ကီလိုမီတာ ၄ ဒသမ ၅ သန်း)အကွာထိ နီးကပ်စွာနဲ့ နိမ့်ကျတဲ့အလျင် တစ်နာရီကို မိုင် ၂,၂၀၀(တစ်နာရီကို ၃,၄၅၀ ကီလိုမီတာ) နှုန်းနဲ့ချဉ်းကပ်လာနိုင်တယ် လို့ Marcos က ပြောခဲ့ပါတယ်။

သူကဆက်လက်ပြီး ဒီအခြေအနေတွေမှာ ချဉ်းကပ်လာတဲ့ဝတ္တုရဲ့ ကမ္ဘာကိုဗဟိုပြုတဲ့စွမ်းအင်ကြောင့် ဒီ ဂြိုလ်သိမ်ဖြစ်တဲ့ 2024 PT5 ဟာ ကမ္ဘာရဲ့ အရံဂြိုလ် လ သဖွယ် ခေတ္တရှိနေနိုင်တာပဲ။ဒါပေမယ့် ကမ္ဘာကို ပတ်လမ်းကြီးတစ်ခုအပြည့်အဝနဲ့ လှည့်နေမှာတော့မဟုတ်ပါဘူး။ ဒီဂြိုလ်သိမ်လေးက လ ဖြစ်စဉ်အတိုင်း စက်တင်ဘာလ ၂၉ ရက်ပတ်လည်မှာ နောက်ဆုံးပတ်မှာစတင်မှာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်ခန့်မှာ သူ့မူလပတ်လည်းထဲ ပြန်ဝင်သွားမှာဖြစ်လို့ ကမ္ဘာဟာ လ နှစ်စင်းကို အချိန်တစ်ခုကြာ မြင်တွေ့နေရဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Ref- space.com & bbc

Leave a Reply

Your email address will not be published. Required fields are marked *