September 26, 2024

၂၆. ၉. ၂၀၂၄
Translated by Htwe Ko Tun

မီနီဘတ်စ်တစ်စီးနှင့် ထရပ်ကားတစ်စီးတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မာနစ်ဂန့်ဂျ်မြို့တွင် ဒက်ကာ-အရီခါ အဝေးပြေးကားလမ်းမကြီးပေါ်၌ စက်တင်ဘာလ ၂၆ ရက် နံနက် ဒေသစံတော်ချိန် ၆ နာရီခွဲခန့်က ခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး အခြား ၂၀ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှအရာရှိတစ်ဦးဖြစ်သော အမ်ဒီ အီဘရာဟင်ကလည်း အဆိုပါယာဉ်တိုက်မှုကို အတည်ပြုခဲ့သည်။ သို့သော်သေဆုံးသူများ မည်သူမည်ဝါဖြစ်သည်ကိုမူ နံနက်ပိုင်းတွင် ပြောကြားနိုင်ခြင်းမရှိသေးပေ။

ယာဉ်တိုက်မှုတွင် အထည်ချုပ်စက်ရုံအလုပ်သမားများတင်ဆောင်လာသော မီနီဘတ်စ်က မျက်နှာချင်းဆိုင်မှလာသောထရပ်ကားနှင့် နံနက် ၆ နာရီခွဲတွင် ခေါင်းချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။ မီနီဘတ်စ်၏ ခေါင်းပိုင်းမှာလည်း ဆိုးရွားစွာ ပျက်စီးခဲ့ရသည်။ ထရပ်ကားမှာလည်း ယာဉ်တိုက်မှုကြောင့် လမ်းဘေးမြောင်းတစ်ခုအတွင်း ထိုးကျသွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဖြစ်ပွားရာနေရာ၌ပင် လူတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးမှာ ရရှိဒဏ်ရာများကြောင့် ဆေးရုံသို့ပို့ပေးခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများကိုလည်း အနီးရှိဆေးရုံများသို့ ပို့ပေးခဲ့သည်ဟုဆိုသည်။ ဆေးရုံများမှ ပြောကြားချက်များအရ ဒဏ်ရာရသူ ၂၀ ဦးရှိကြောင်းသိရသည်။

Ref- Dhaka Tribune

Leave a Reply

Your email address will not be published. Required fields are marked *