September 27, 2024

၂၆.၉.၂၀၂၄
Written By Thandar

အောက်တိုဘာ ၂၅ ရက်ကစပြီး မက္ကဆီကိုနိုင်ငံမှာ ၁၂ ကြိမ်မြောက်ကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲကြီးအတွက် အသက် ၁၇ နှစ်အရွယ် မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် သဲစုညိမ်း ဝင်ရောက်ယှဥ်ပြိုင်ဖို့ ယနေ့ စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်က စတင်ထွက်ခွာခဲ့ပါတယ်။

“သဲသဲအနေနဲ့ ဒီပြိုင်ပွဲအတွက် အရမ်းကို ရင်ခုန်နေပါတယ်။ MGI က ပွဲလည်းကြီးတယ်ဆိုတော့ Pre Evening Grown လေးနဲ့ ကိုယ့်နိုင်ငံက ရိုးရာယဉ်ကျေးမှုတွေ National Costume ကလည်း အရေးကြီးတယ်။ ကိုယ့်နိုင်ငံက အစစအရာရာကို ချပြချင်တာမို့ စိတ်လှုပ်ရှားပါတယ်။ National Costume နဲ့ ကြိုတင်ဝတ်ဆင်ပြီး ကြိုချနိုင်ခဲ့တာမို့ပါ။ သဲသဲအနေနဲ့ Miss Grand International ပွဲအတွက်လည်း Ready ဖြစ်နေပါပြီ။ သဲအနေနဲ့ Catwalk ပိုင်းလည်း ခြေထောက်တွေ စုတ်ပြတ်သတ်တဲ့အထိ လေ့ကျင့်ထားပါတယ်။ သေချာလေး လေ့ကျင့်ထားပါတယ်။ တကယ် ကြိုတင်လေ့ကျင့်နေတယ်ဆိုတော့လေ။ မနှစ်က ဝတ်စုံထက်လည်း ကြီးတာမို့ ပြင်ဆင်ခွင့်ရပါတယ်။ ဒီ ၉ လနဲ့ ၂ ပတ်အချိန် လုံလုံလောက်လောက်ကြိုးစားပြင်ဆင်ခွင့်ရတာမို့ ကျေနပ်မှုရှိပါတယ်။ ဖိုင်နယ်မှာ နိုင်ငံကိုယ်စားပြုတိုင်းက ကြိုးစားလာကြမှာမို့လေ။ ကိုယ်တိုင်လည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ ကိုယ့်ဘက်က လျော့မနေတဲ့အတွက် ကျန်တာတွေ ဂရုမစိုက်ပါဘူး။ သဲအနေနဲ့ ခန္ဓာကိုယ်ပိုင်းလည်း ပြောင်းလဲလိုက်နိုင်ခဲ့တယ်။ အဲအချိန်က ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး လူတွေဝေဖန်ကြတယ်။ အဲ့ဒါတွေက ဘယ်လောက်အားဖြစ်ခဲ့လဲဆိုတာ လာမယ့် ၁၀ လပိုင်းမှာချပြသွားမှာပါ ” လို့ Miss Grand Myanmar 2024 အလှမယ်သဲစုညိမ်းက ပြောပါတယ်။

သူမအတွက် Evening Gown ကတော့ ၂၈ ကီလိုဂရမ်ရှိပြီး လက်ဝတ်ရတနာအလေးချိန် ၄၅ ကျပ်သားနဲ့ ဖန်တီးချုပ်လုပ်ထားသလို မြန်မာ့ရိုးရာ ပျူခေတ်ကာလက နံရံဆေးရေးပန်းချီ အရုပ်တွေနဲ့ပုံဖော်ထားတဲ့ဝတ်စုံ ဝတ်ဆင်ချပြမယ်လို့ဆိုပါတယ်။ အလှမယ်သဲစုညိမ်းက ဒီပြိုင်ပွဲကြီးအတွက် Body , Beauty , Brain , Catwalk , Swimsuit စတဲ့ အပိုင်းတွေလည်း ကြိုတင်ပြင်ဆင်ထားပြီးပြီလို့ ဆိုပါတယ်။

အလှမယ် သဲစုညိမ်းက နိုင်ငံတကာက နိုင်ငံ့ကိုယ်စားပြု အလှမယ်ပေါင်းများစွာ ပါဝင်ယှဥ်ပြိုင်ကြမယ့် Miss Grand International 2024 Final ပြိုင်ပွဲကြီးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Catwalk လေ့ကျင့်ထားတာလည်းဖြစ်ပါတယ်။

“ကျွန်တော့်အနေနဲ့ ၁၀၁% ကြိုးစားထားတဲ့ သဲသဲအတွက် အရမ်းကို ကျေနပ်အားရမှုရှိတယ်။ ကျွန်တော်ကတော့ ဒီနှစ်လည်း မြန်မာဆိုတာ အော်နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။ လက်ရှိမှာလည်း သူ့ခန္ဓာကိုယ်နဲ့က ဗလနဲ့ဇနဲ့ ဖြစ်နေပါပြီ။ ကိုယ်တိုင်လည်း အားရပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင်လည်း ခန္ဓာကိုယ်က မသေးတော့ဘူး။ ဒီလိုဖြစ်လာအောင် Gym မှာ မျက်ရည်တွေ ချွေးတွေနဲ့ ဆော့ခဲ့ရတာဆိုတော့ ကျေနပ်တယ်။ အရမ်းအလေးတွေ မ,ရလို့ ငိုခဲ့တာလည်း တွေ့မှာပါ။ သဲသဲရဲ့ ကြိုးစားမှု ရလဒ်ကောင်းတွေကို မကြာခင်တွေ့ မြင်ကြရတော့မှာပါ ”လို့ National Director ထူးအံ့လွင်ကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *