September 26, 2024

၂၅.၉. ၂၀၂၄
Written by Nay Moe

ကြို့ပင်ကောက်၊ ကြို့ပင်စခန်းအုပ်စုရာအိမ်မှူးကို PDF နှစ်ဖွဲ့ပေါင်းကာ နေအိမ်အထိဝင်ရောက်၍ ဦးခေါင်းကိုပစ်ခတ် သတ်ဖြတ်လိုက်သည်ဟု သတ်ဖြတ်သည့် PDF နှစ်ဖွဲ့က ယနေ့တွင် ပုံနှင့်တကွထုတ်ပြန်ထားသည်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စု ရာအိမ်မှူး ဦးသိန်းဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ညနေ ၄ နာရီအချိန်တွင် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့နှင့် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ (၁) Dragon Brothers နှစ်ဖွဲ့ပေါင်းကာ ဦးသိန်းဦးကို နေအိမ်တွင် ပစ်ခတ်သတ်ဖြတ်၍ လေသေနတ်တစ်လက်ကို တစ်ပါတည်း သိမ်းယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ရာအိမ်မှူးဦးသိန်းဦးသည် ရပ်ရွာအတွင်း တပ်သားသစ်စုဆောင်းပေးခြင်း ၊ အဓမ္မ ငွေကြေးကောက်ခံခြင်းများ ကိုPDF နှင့် ဆက်စပ်သော သတင်းပေးမှုတို့ကြောင့် သတ်ဖြတ်သည်ဟုလည်း ကျူးလွန်သည့် PDF နှစ်ဖွဲ့က ဖော်ပြထားသည်။

ပဲခူးတိုင်းမှ PDF များသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို အဓိက သတ်ဖြတ်နေပြီး ယခုနှစ်အတွင်း ပဲခူးတိုင်းတစ်ခုတည်းတွင်ပင် အုပ်ချုပ်ရေးမှူး ရာဂဏန်းခန့် သတ်ဖြတ်ခံထားရသော်လည်း တရားခံ ဖမ်းမိမှုမရှိသလောက် နည်းပါးနေသည်။ နွေဦးတော်လှန်ရေး စတင်ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ရဟန်း၊ သံဃာ၊ သီလရှင်၊ ဆရာ၊ ဆရာမနှင့် ကျောင်းသားကျောင်းသူများအပြင် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း ၈၀၀၀ ခန့်ကို “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်စေသူ” စွပ်စွဲချက်ဖြင့် NLD/CRPH/NUG/PDF/EAOs တို့က သတ်ဖြတ်ထားသလို ပညာရေး/ကျန်းမာရေးနှင့် လူနေအဆောက်အဦအပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံအဆောက်အဦ ၁၂၀၀၀ ခန့်ကိုလည်း တိုက်ခိုက်ဖျက်ဆီးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *