September 27, 2024

၂၅.၉. ၂၀၂၄
Written by Shwe Phyo

မဲမသမာမှုများ၊ အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်တွင် ခိုလှုံနေထိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာလအစောပိုင်းတွင် သွားရောက်ခဲ့သော အင်ဒိုနီးရှားခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သလို ရောမမြို့တွင် သားဖြစ်သူနှင့်တွေ့ဆုံခွင့်ပေးစေလိုကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

“ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ လာရောက်နေထိုင်ခွင့် ပေးမှာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးရဲ့အမှတ်အသား၊ သင်္ကေတတစ်ခုဖြစ်တယ်” ဟု ပြောသည်။

ပုပ်ရဟန်းမင်းကြီးသည် စက်တင်ဘာလ ၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံအချို့ကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီးအင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့ကြောင်းသိရသည်။

ပုပ်ရဟန်းမင်းကြီး၏ အင်ဒိုနီးရှားခရီးစဉ်အတွင်း မြန်မာ နိုင်ငံသား ခရစ်ယာန်ဘာသာဝင်တစ်ဦးက မြန်မာနိုင်ငံ၏ ခက်ခဲသောအခြေအနေများကိုထည့်သွင်းမေးမြန်းခဲ့ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးက “မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ အသက်တွေ၊ ရှင်သန်နေထိုင်မှုတွေ၊ မိသားစုတွေ၊ အိပ်မက်တွေနဲ့ အနာဂတ်တွေ ဆုံးရှုံးနေရတယ်။ မြန်မာ နိုင်ငံရဲ့အခြေအနေတွေက ခက်ခဲရှုပ်ထွေးလွန်းတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေလို့မရဘူး။ ကျွန်တော်တို့ဟာတစ်စုံတရာကိုလုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဒီမိုကရေစီစနစ်ကိုလေးစားပြီး လူတိုင်းတန်းတူညီမျှအခွင့်အရေးကို လေးစားလိုက်နာမှုကိုအခြေခံပြီး ငြိမ်းချမ်းရေးရရှိအောင်လုပ်ဆောင်ရမယ်။” ဟုပြောသည်။

REF, eurasiareview

Leave a Reply

Your email address will not be published. Required fields are marked *