September 27, 2024

၂၅.၉.၂၀၂၄
Written By Thandar

ဝါကျွတ်ကာလ‌ မင်္ဂလာဆောင်နှင်းမယ့် မောင်နှံတွေအဖို့ထူးခြားခမ်းနားတဲ့ အစီအစဉ်များစွာပါဝင်မယ့် Belove Eloved The Eravati Wedding Fair 2024 ကို လာမယ့် နိုဝင်ဘာ ၅ ရက်ကနေ ၆ ရက်မှာ နံနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်ရှိ The Eravati Hotel (Formely Rose wood Hotel) မှာ ကျင်းပမှာဖြစ်ပါတယ်။

နာမည်ကြီး အနုပညာရှင်တွေပါဝင်တင်ဆက်ကြမယ့် Belove Eloved The Eravati Press Conference 2024 မိတ်ဆက်ပွဲကို ယနေ့ စက်တင်ဘာ ၂၅ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ The Eravati Hotel ကျင်းပခဲ့ပါတယ်။

“ဒီပွဲ‌လေးကတော့ အရင်က Rose Wood Hotel အနေနဲ့သိထားခဲ့ကြတဲ့ ဟိုတယ်ကို The Eravati Hotel နာမည်နဲ့ ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ်ကျင်းပတဲ့ ပွဲလေးလည်း ဖြစ်တယ်။ ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ မင်္ဂလာမောင်နှံတွေအတွက် ဘယ်မှာမှ မရနိုင်တဲ့ အထူးလျော့ဈေး ၄၅ ရာခိုင်နှုန်းထိ ဟိုတယ်ဘက်ကလည်း လျှော့ပေးထားတယ်။ မင်္ဂလာမောင်နှံတွေအတွက် အရမ်းအံ့အားသင့်စရာကောင်းတဲ့ ဈေးနှုန်းတွေ ဘယ်မှာမှ မရှိဘူးသေးတဲ့ လျှော့ဈေးတွေနဲ့ ခမ်းနားမှုတွေကို မြင်တွေ့ရမှာဖြစ်လို့ လာရောက်ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်”လို့ KS Collection Wedding Planner ရဲ့ Founder ဒေါ်ဝင်းမြင့်မိုး@အန်တီငယ်က MT Entertainment ကို ပြောပါတယ်။

The Eravati Hotel နဲ့ အတူ KS Collection Wedding Planner တို့ ပူးပေါင်းကျင်းပမယ့် Belove The Eloved The Eravati ပွဲအခမ်းအနားမှာ ထာဝရဝိန်စိန့်ရဲ့ လှပတဲ့ Jewellery တွေနဲ့ နာမည်ကြီး ဒီဇိုင်နာ‌တွေဖြစ်တဲ့ Designer Sha Tra ၊ Designer WonYone တို့က မင်္ဂလာ ဆောင်နှင်းမယ့်သတို့သမီးတွေအတွက် Designer Show Round တွေ အပြင် Wedding Industry များစွာထဲက သတို့သမီးတိုင်းစိတ်တိုင်းကျ ကျေနပ်တဲ့ နာမည်ကြီး Provider Planner တွေ၊ ခမ်းနားလှတဲ့ ပွဲများစွာကို ဖန်တီးပေးနိုင်တဲ့ Floral Decorations၊ လှပတဲ့ Wedding Dress ၊ တစ်သက်စာအမှတ်တရများစွာ တိကျလှပစွာ ဖန်တီးပေးနိုင်တဲ့ Photo & Video Studio တွေ ၊ Professional Makeup Artist တော်ဝင်သူမေဦးမောင်ရဲ့ Make Up ဖန်တီးမှုလက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *