September 26, 2024

၂၅.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းမပေါ်တွင် အုတ်သဲကျောက်တင်ဆောင်လာသည့်အလုပ်သမားယာဥ်တစ်စီး တိမ်းမှောက်ရာက ၂ ဦးဒဏ်ရာပြင်းထန်ပြီး ( ၅) ဦးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက် နံနက် ၈နာရီခွဲအချိန်တွင် ယာဥ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းရရှိသောကြောင့် မျှဝေခံစားတွဲလက်များပရဟိတအသင်းမှ ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“အုတ်သဲကျောက်တင်တဲ့ ကားမှောက်တာ။ ဘယ်လိုဖြစ်ပြီး မှောက်လဲတော့မသိဘူး။ ဖြစ်စဥ်နေရာရောက်တော့ ကားခေါင်းထဲက အမျိုးသား ၂ ယောက်က ဒဏ်ရာပြင်းတယ်။ တစ်ယောက်က ဘယ်ဘက်လက်မှာ ဒဏ်ရာတော်တော်ပြင်းတယ်။ သူကတော့ သတိတော့ရသေးတယ်။ နောက်တစ်ယောက်က ဘယ်ဘက်ခြေထောက် ပျက်စီးဒဏ်ရာရတယ်။ သူကတော့ သတိမရဘူး။ ၅ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာရတယ်။ သူတို့အကုန်လုံးက အလုပ်သမားတွေ။ ဆေးရုံကိုတော့ အလုပ်ရှင်လိုက်လာတယ်” ဟု မျှဝေခံစားတွဲလက်များပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ယာဥ်တိမ်းမှောက်ရာမှ ဒဏ်ရာရရှိသူများကို မျှဝေခံစားတွဲလက်များပရဟိတအသင်းနှင့် ကောင်းမူဆောင်အသင်းတို့မှ အသင်းယာဥ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဓာတ်ပုံ -မျှဝေခံစားတွဲလက်များပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *