September 27, 2024

၂၅.၉. ၂၀၂၄
Written by Shwe Phyo

ဘီလာရုစ်နိုင်ငံမြေပေါ်တွင် SAC အဖွဲ့အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို နွေးထွေးစွာကြိုဆိုနှုတ်ဆက်ရန် ဆန္ဒရှိနေပြီး နှစ်နိုင်ငံကြား အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးဆုံးဖြတ်လိုကြောင်း ဘီလာရုစ်သမ္မတလူကာရှန်ကိုက ဘီလာရုစ်နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးသံတမန်တည်ထောင်မှု ၂၅ နှစ်ပြည့်တွင် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောဆိုလိုက်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကျွန်တော်တို့ နှစ်နိုင်ငံကြား ကျယ်ပြန့်တဲ့ စက်မှုလုပ်ငန်းအမျိုးမျိုးမှာ အပြန်အလှန်အကျိုးရှိစေဖို့၊ နိုင်ငံအချင်းချင်းဆက်ဆံရေးကို နက်ရှိုင်းစေရန်အတွက် ခိုင်မာတဲ့အခြေခံအုတ်မြစ်ကို ချထားနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘီလာရုစ်နိုင်ငံသားတွေ အကျိုးစီးပွားရရှိစေဖို့ ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးကဏ္ဍတွေမှာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား၊ ပြည်သူတွေကြားမှာလည်း ဆက်ဆံရေးပိုမိုကောင်းမွန်တောင်းတင်းခိုင်မာစေခဲ့တယ်” ဟု ဘီလာရုစ် သမ္မတလူကာရှန်ကိုက ပြောကြားသည်။

ထို့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း ဘီလာရုစ်နှင့် မြန်မာနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံကြား ပြည်သူများနှင့် နိုင်ငံအချင်းချင်းအကြား အကျိုးစီးပွားများကို အနာဂတ်တွင် ပိုမိုဖန်တီးလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဘီလာရုစ်သမ္မတက ပြောသည်။

ထို့အတူ နှစ်နိုင်ငံကြား အပြန်အလှန်လေးစားမှု၊ အကျိုးစီးပွားဖြစ်မှုကို အခြေခံပြီး မိတ်ဆွေဖြစ်မှုများကို တိုးချဲ့လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း လူကာရှန်ကိုက ပြောသည်။

ထို့အပြင် ဘီလာရုစ့်သမ္မတက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာရေးကောင်းမွန်စေရန်၊ ပျော်ရွင်စေရန်နှင့် အောင် မြင်စေရန် ဆုမွန်တောင်းခဲ့သလို မြန်မာပြည်သူများ ငြိမ်းချမ်းရေးနှင့် သာယာဖွံ့ဖြိုးတိုးတက်ရေးများရရှိစေရန် ဆန္ဒပြုကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

REF, sb.by

Leave a Reply

Your email address will not be published. Required fields are marked *