September 27, 2024

၂၅.၉.၂၀၂၄
Written By Thandar

ပရဟိတတွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ကယားပြည်နယ်အတွက် ကျပ်သိန်း ၅၀၀၀ နဲ့ စားသောက်ကုန်ပစ္စည်းတွေကို ယနေ့ စက်တင်ဘာ ၂၅ရက်မှာ ကိုယ်တိုင်သွားရောက် မျှဝေလှူဒါန်းခဲ့ပါတယ်။

“ကျွန်မအနေနဲ့ ကိုယ်တိုင် ကယားပြည်နယ်ဘက်ကို သေချာလေ့လာပြီး တကယ့်ကို နေအိမ်တွေ ဆုံးရှုံးခဲ့ကြသူတွေအတွက် အထောက်အကူဖြစ်စေမယ့် ငွေကို လှူဒါန်းခဲ့တာပါ။ အိမ်ထောင်စုတစ်စုကို ကျပ် ၁၀ သိန်းနှုန်းနဲ့ အိမ်ခြေ (၅၀၀) အတွက် မျှဝေမှုကို ပီတိကုသိုလ်လေးများ ပွားများနိုင်ကြပါစေရှင်။ ကယားပြည်နယ်အတွက် ကျပ် သိန်း ၅၀၀၀ နဲ့ ပစ္စည်းများ မျှဝေကူညီခဲ့ပါတယ်ရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက ပြောပါတယ်။

သူမကတော့ ကယားပြည်နယ် လွိုင်ကော်မြို့ကို စက်တင်ဘာ၂၄ ရက်နေ့က စတင်ရောက်ရှိပြီးတော့ ဘီလူးချောင်းက စီးဆင်းလာတဲ့ မြစ်ရေကြောင့် ရေကြီးပြီး အိမ်မြုပ်တဲ့နေရာတွေကိုလည်း ကိုယ်တိုင်သွားလေ့လာခဲ့တာပါ။ ခိုင်နှင်းဝေက ယနေ့ စက်တင်ဘာ ၂၅ ရက်မှာတော့ ကယားပြည်နယ်အတွက် တစ်အိမ်ထောင်ကို ကျပ် ၁၀ သိန်းနှုန်းနဲ့ အိမ်ခြေ ၅၀၀ အတွက် ကျပ်သိန်း ၅၀၀၀ နဲ့ အစားအသောက်၊ အဝတ်အထည် စတဲ့ ပစ္စည်းတွေကို မျှဝေကူညီခဲ့တယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *