September 27, 2024

၂၅.၉.၂၀၂၄
Written by TZ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ကမ်းနားလမ်း၊ နန်းထိုက်သူဟိုတယ်အနီး လူငယ်(၂)ဦး အရက်ထိုင်သောက်သည့်နေရာကို အမျိုးသား ( ၄) ဦးရောက်ရှိလာပြီး အုတ်ခဲ၊ ပျဥ်ပြားချောင်းတို့ဖြင့် ရိုက်ရာက လူငယ်( ၂) ဦးအနက် (၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက် ည ၆ နာရီခွဲအချိန်တွင် အမျိုးသားတစ်ဦး နန်းထိုက်သူဟိုတယ်အနီး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ကူညီခဲ့သည်။

“မိန်းကလေးကိစ္စတွေဖြစ်မယ်။ လူငယ်နှစ်ယောက် အရက်သောက်နေတာ။ ဆိုင်ကယ်နဲ့ အမျိုးသား ၄ ယောက်ရောက်လာပြီး အုတ်ခဲ၊ ပျဥ်ပြားချောင်းနဲ့ရိုက်တာ။ ၁ ယောက်ကပြေးတော့ သူလွတ်သွားတယ်။ နောက်တစ်ယောက်က ခံရတယ်” ဟု ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

ဒဏ်ရာရရှိသူ လူငယ်မှာ အသက် (၂၀) ဝန်းကျင်ရှိပြီး အုပ်စုလိုက်ရိုက်နှက်မှုကြောင့် မျက်နှာနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရရှိခဲ့၍ ပရဟိတမင်းခေါင်အသင်းက မကွေးပြည်သူ့ဆေးရုံကြီး OPD မှတစ်ဆင့် ခွဲစိပ်ဆောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ (Photo – Zaw Naing)

Leave a Reply

Your email address will not be published. Required fields are marked *