September 27, 2024

၂၅.၉.၂၀၂၄
Written by KL

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့နယ်၊ ကျောက်တိုင်ကျေးရွာရှိ ကျောက်တိုင်ဆည်ထဲတွင် စက်တင်ဘာလ ၂၄ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က အမျိုးသားတစ်ဦး ပုပ်ပွသေဆုံးနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရုပ်အလောင်းဆယ်ယူခဲ့သည့် လူငယ်အင်အား လူမှုကူညီရေးအသင်းထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၃၀ အရွယ်ခန့်ရှိသော အမျိုးသားဖြစ်ပြီး ရေနစ်သေဆုံးကာ ပုပ်ပွလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆည်ထဲမှာ လက်နှစ်ဖက်မြှောက်ပြီး ပေါ်နေလို့ ဆယ်ယူရာကနေ အမျိုးသားအလောင်းမှန်းသိတာ”ဟု လူငယ်အင်အားလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ဆိုသည်။

ပုပ်ပွသေဆုံးနေသော အမျိုးသားမှာ လတ်တလောတွင် ပိုင်ရှင်မဲ့ဖြစ်နေပြီး ရုပ်အလောင်းကို လူငယ်အင်အားလူမှုကူညီရေးအသင်းမှ အသင်းဝင်များကဆယ်ယူ၍ မိတ္တီလာပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *