September 27, 2024

၂၅.၉.၂၀၂၄
Written By Zun

ထိုင်းနိုင်ငံအတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရားမဝင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၆၇ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အယုဒ္ဓယခရိုင်၊ ဥထိုင်မြို့နယ်၊ နောင်နမ်းစုန့်ကျေးရွာတွင်တည်ရှိပြီး ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းအချိန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးစဉ် တရားဝင် နေထိုင်ခွင့် အထောက်အထားစာရွက် စာတမ်းမပြသနိုင်သော မြန်မာအလုပ်သမား အမျိုးသား ၂၁၂ ဦး၊ အမျိုးသမီး ၅၂ ဦး အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ ယင်းတို့မှာ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တစ်ဦးလျှင် ပွဲစားခ ဘတ် ၂၀၀၀၀ ပေးကာ ရောက်ရှိလာကြသူများဖြစ်ကြောင်း သိရသည်။

အဖမ်းခံရသူများအနေဖြင့် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်အားခအဖြစ် တစ်နေ့လျှင် အနည်းဆုံး ဘတ် ၅၀၀ နှင့် အချို့မှာ ဘတ် ၆၀၀ ဖြင့် အလုပ်လုပ်နေကြကြောင်း သိရသည်။

ယခုအခါ ယင်းအထောက်အထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများအား ဥထိုင်မြို့နယ်ရုံးသို့ ပို့ဆောင်ထားပြီး ထိုင်းဥပဒေအရ တရားစွဲဆိုအရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊ အမှုကိစ္စ ပြီးပြတ်ပါက မြန်မာနိုင်ငံသို့ ပြန် လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Sources- dailynews , ch3plus , today , matichon

Leave a Reply

Your email address will not be published. Required fields are marked *