September 27, 2024

၂၄.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းမကြီးပေါ် မင်းကျောင်းလမ်းထိပ် CB ဘဏ်ရှေ့တွင် ဒိုင်နာယာဥ်မှ အရှိန်လွန်၍ ဆိုက်ကားနှင့်စက်ဘီးအားတိုက်မိရာက အသက်(၆၀) ဝန်းကျင်ရှိသည့် သက်ကြီးပိုင်း အမျိုးသားကြီး( ၂) ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက် ၆ နာရီခွဲ အချိန်တွင် ဒိုင်နာယာဥ်မှ အရှိန်မထိန်းနိုင်ဘဲ လားရာတူ ဆိုက်ကားနှင့်စက်ဘီးကိုတိုက်မိရာ ဆိုက်ကားနင်းသည့် အမျိုးသားကြီး၏ ဘယ်ဘက်ခြေသလုံးကြွက်သားပေါက်ပြဲဒဏ်ရာရရှိပြီး၊ စက်ဘီးစီးလာသည့် အမျိုးသားကြီးမှာ ညာဘက်ခြေသလုံးကျိုး၊ ပေါင်နှစ်ဖက်နှင့်ဦးခေါင်း၊ လက်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“နှစ်ယောက်စလုံးက အသက် ၆၀ ဝန်းကျင်ရှိတယ်။ သတင်းကြားတော့ ကျွန်တော်က ဖြစ်တဲ့နေရာကိုသွားတာ။ ကျွန်တော်က Taxi မောင်းတဲ့သူ။ အရင်က ရှာဖွေကယ်ဆယ်ရေး နည်းပြဝန်ထမ်းဟောင်းဆိုတော့ ကားထဲမှာ ပစ္စည်းအစုံထည့်ထားတော့ လူနာတွေကို ရှေးဦးသူနာပြုလုပ်ပြီး အသင်းတစ်ခုနဲ့ချိတ်ပေးလိုက်တာ”ဟု မြွေမင်းသားကြီး ကိုတိုးအောင်က MT News သို့ ဖြေကြားသည်။

ဒဏ်ရာရရှိသူများကို ရတနာဖြိုးလူမှုကယ်ဆယ်ရေးရုံးသို့ ချိတ်ဆက်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ (Photo – Ko Toe Aung)

Leave a Reply

Your email address will not be published. Required fields are marked *