September 27, 2024

၂၄.၉.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်၊ ၁၂ လမ်း(အေ)၊ တိုက် ( ၁၅) ၊ အခန်း (၂၀၁) ၃ လွှာတွင် နေထိုင်သည့် အသက်(၈၀) ကျော်အရွယ်ရှိသည့် အဘိုးအိုတစ်ဦး (၄) ရက်ခန့်ကြာပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဖြစ်စဥ်တွင် စက်တင်ဘာလ ၂၁ ရက် နေ့လယ် ၃ နာရီအချိန်ခန့်က ပျောက်ဆုံးနေသည့် အဘိုး ဦးဘိုမှာ တစ်ဦးတည်း နေအိမ်မှ လမ်းလျှောက်ရန်ထွက်သွားပြီးနောက် ယနေ့စက်တင်ဘာ ၂၄ ရက်နေ့အထိ နေအိမ်သို့ပြန်ရောက်လာခြင်းမရှိသောကြောင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေရကြောင်း၊ လက်ရှိအချိန်တွင် မိသားစုဝင်များမှ နီးစပ်သူများကို အကူအညီများတောင်းခံ၍ ရှာဖွေနေကြောင်းလည်း သိရသည်။

“အဘိုးက နေ့တိုင်း တစ်ယောက်တည်း လမ်းလျောက်ထွက်တယ်။ ၂၁ ရက်နေ့က လမ်းလျှောက်ထွက်ပြီး ပျောက်သွားတာ။ ခုထိ သတင်းမရသေးဘူး။ အဘိုးက အသက် ၈၀ ကျော်ပြီ။ သူငယ်ပြန်တာ ၄ နှစ်ဝန်းကျင်လောက်ရှိပြီ။ ရဲစခန်းကိုတော့ လူပျောက်တိုင်ထားတယ်” ဟု ပျောက်ဆုံးနေသည့် အဘိုးဦးဘို၏ မိသားစုဝင်တစ်ဦးက MT News သို့ ပြောသည်။

ပျောက်ဆုံးနေသည့် အဘိုးဦးဘိုအား မိဘပြည်သူများအနေဖြင့် တွေ့ရှိပါက ဖုန်း ၀၉-၂၅၀၈ ၀၉၇၆၁ သို့ ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *