September 27, 2024

၂၄. ၉. ၂၀၂၄
Written by Nay Moe

CDM မလုပ်တဲ့ ဝန်ထမ်းတွေကို တွေ့တဲ့နေရာ ပစ်သတ်မယ်လို့ ဟားခါး PDF အဖွဲ့ဖြစ်တဲ့ Chinland Defense Force – Hakha အဖွဲ့က မနေ့က ညအချိန်မှာ ခြိမ်းခြောက်စာထုတ်ပြန်ထားပါတယ်။

ချင်းဘာသာနဲ့ ရေးထားတဲ့ Chinland Defense Force – Hakha အဖွဲ့ရဲ့ စက်တင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်နဲ့ ရေးထားတဲ့ ခြိမ်းခြောက်စာမှာ SAC အစိုးရက ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူဖို့အတွက် သင်တန်းပေးတယ်လို့ သိရကြောင်း ဖော်ပြထားပြီး ဟားခါး PDF အနေနဲ့ အရင် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက် ထုတ်ပြန်ချက်မှာ လုံခြုံရေးတပ်ဖွဲ့နဲ့ လက်တွဲဆောင်ရွက်သူတွေကို စစ်သားလို့သတ်မှတ်ခဲ့ပေမဲ့ CDM မဟုတ်တဲ့ဝန်ထမ်းတွေကိုတော့ မသတ်ခဲ့ဘဲ လက်ရှိမှာတော့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူမဲ့ဝန်ထမ်းတွေကို စစ်သားတွေလို ပစ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာဖြစ်ပါတယ်။

Chinland Defense Force – Hakha အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကလည်း သူတို့ရဲ့ တော်လှန်ရေးကို အနှောင့်အယှက်ပေးတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ ခွေးမွေးထားတဲ့သူတွေအနေနဲ့ မိမိခွေးကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရောင်းကြဖို့ ဒါမှမဟုတ် သတ်ကြဖို့ သတိပေးစာထုတ်ပြန်ခဲ့ဖူးပြီး အဲဒီထုတ်ပြန်ချက်ထုတ်ပြန်စဉ်ကလည်း ဟားခါးမြို့ပေါ်မှာ PDF တွေက ခိုးဆိုးလုယက်ရာမှာ ခွေးဟောင်ရင် လူသိမှာစိုးလို့ သတ်ဖြတ်ခိုင်းတာလို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *