September 27, 2024

၂၄. ၉. ၂၀၂၄
Written by Thettant

ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး​တောင်ရပ်ကွက်၊ ဥယျာဥ်လမ်း၊ ဆာဖိုးသာခြံတွင် စက်တင်ဘာ ၂၃ ရက် ည ၇ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချ(ဆွဲကြိုးချ) သတ်သေသွား​ကြောင်း သိရသည်။

လူတစ်ဦး ကြိုးဆွဲချ​သေဆုံး​ကြောင်း သတင်းအရတာဝန်ရှိသူများက သွား​ရောက်စစ်​ဆေးရာ ဦး​ဇော်ဝင်း​ဌေး(ခ)ဦး​မောင်​ဇော်(အသက် ၅၂ နှစ်)သည်​ နေအိမ်ထုတ်တန်းတွင် အဝါ​ရောင်ပိတ်ကြိုးဖြင့် ကြိုးဆွဲချကာ မတ်တပ်အနေအထားဖြင့်​ သေဆုံး​နေ​ကြောင်း​ တွေ့ရသဖြင့် အ​လောင်းကို ရန်ကုန်​ဆေးရုံကြီးသို့ ပို့​ဆောင်ပြီး ​သေမှု​သေခင်းအမှုဖွင့်လှစ်​ဆောင်ရွက်​နေ​ကြောင်းသိရသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးသူ၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးက PR-026 ဖြင့် လက်ခံထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စိစစ်စစ်ဆေးနေကြောင်း သိရသည်။

(ဓာတ်ပုံ – မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့)

Leave a Reply

Your email address will not be published. Required fields are marked *