September 28, 2024

၂၄. ၉. ၂၀၂၄
Translated by Htwe Ko Tun

စင်ကာပူနိုင်ငံ၊ ချောချူကန်(Choa Chu Kang) ရပ်ကွက်ရှိ တိုက်ခန်းတွဲတစ်ခုတွင် ယနေ့ စက်တင်ဘာလ ၂၄ ရက် (အင်္ဂါနေ့)နံနက်က မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူ ၁၅၀ ခန့် ထိ မီးဘေးမှ ကယ်တင်မှုပြုခဲ့ကြရပြီး တစ်ဦးမှာမူ မီးလောင်မှုအတွင်း သေဆုံးခဲ့ရကြောင်း သိရသည်။

မီးက အဆိုပါအဆောက်အအုံ၏ ကိုးလွှာဧည့်ခန်းနှင့်အိပ်ခန်းတို့အတွင်းမှ စတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၅ နာရီ ၂၅ မိနစ်တွင် မီးသတ်တပ်ဖွဲ့က မီးကိုစတင်ငြှိမ်းသတ်လျက်ရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

မီးသတ်သမားများက တိုက်တန်းလျားအတွင်းသို့ ဝင်ရောက်ရန်ကြိုးစားကြစဉ် အိပ်ခန်းတစ်ခုအတွင်း၌ လူတစ်ယောက်ကိုတွေ့ခဲ့ကြရပြီး ၎င်းကိုကယ်ထုတ်ရန်ကြိုးစားသော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။ မီးကြောင့် အဆောက်အအုံ၏ အခြားသောအပိုင်းများမှာလည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု၏အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။

Ref-CNA

Leave a Reply

Your email address will not be published. Required fields are marked *