September 27, 2024

MT News
၂၄.၉.၂၀၂၄

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်အတွင်း ထူးကဲဒီရေတပ်ခဲ့တဲ့ ရန်ကုန်မြစ်ဟာ လာမယ့်အောက်တိုဘာလဆန်းပိုင်းမှာလည်း ထပ်မံတက်ဦးမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကနေ ၂၃ ရက်အတွင်း ထူးကဲဒီရေမြင့်တက်နိုင်ခြေဟာ ၂၂ ပေခန့်အထိ တက်မယ်လို့ သတိပေးခဲ့ပြီး အခုလာမယ့် ၂၀၂၄ခုနှစ်၊ အောက်တို ဘာလ( ၃ )ရက်နေ့ကနေ အောက်တိုဘာလ( ၆ ) ရက်နေ့အထိ ကာလအတွင်းမှာတော့ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက် အမြင့်ပေ( ၂၀.၀၁ )ပေခန့်ကနေ (၂၀.၁၈)ပေခန့် အထိပဲ သာမန်ထက် ထူးကဲဒီရေ တက်ဖွယ်ရှိတာ ဖြစ်ပါတယ်။

ဒီလိုထူးကဲဒီရေနဲ့ပတ်သက်ပြီး ယခင် ၂၀၁၄-၂၀၁၅ ခုနှစ်တွေမှာ ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ(၂၂)ပေခန့်ထိ တက်ခဲ့ဖူးလို့ စိုးရိမ်ဖွယ်မရှိတာနဲ့ ရန်ကုန်မြစ်ရဲ့ ခန့်မှန်းဒီရေအမြင့်ဟာ အခြေခံရေစစ်မျဉ်း အထက် အမြင့်(၂၀)ပေ ကျော်လွန်နိုင်တဲ့အခါ မြစ်ကမ်းနားဒေသအနီး နေထိုင်ကြတဲ့ လုပ်သားပြည်သူတွေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ဖို့ သတိပေး သတင်းထုတ်ပြန်တာလို့လည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *