September 27, 2024

၂၃. ၉. ၂၀၂၄
Written by Thettant

တောင်ယာစိုက်နေသည့် အမျိုးသမီးတစ်ဦးကို PDF ၆ ဦးက သေနတ်ဖြင့်ပစ်သည့်အပြင် ဓားဖြင့်ပါခုတ်သတ်မှု ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုညထုတ်ပြန်သည်။
   
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအနီး၌ သေနတ်၊ ဓားများဖြင့် ပစ်ခတ် ထိုးခုတ်ခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဒေါ်ခင်မာဝေ(ခ)ဒေါ်မှိုင်းဝေ(၄၇)နှစ်သည် ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာရှိ ဒေသအခေါ် “မြင်းကပတ်”တောင်ယာစိုက်ခင်းအတွင်း ရှိနေစဉ် PDF ခြောက်ဦး(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PDF ၆ ဦး၏ သတ်ဖြတ်မှုကြောင့် ဒေါ်ခင်မာဝေ (ခ)ဒေါ်မှိုင်းဝေ၊ ၄၇နှစ်မှာ ဝဲဘက်နဖူးကျည်ဖောက်ဝင် ဦးခေါင်းနောက်စေ့မှ ဖောက်ထွက်ဒဏ်ရာ (၁)ချက်နှင့် ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ ဒေါ်ခင်မာဝေ (ခ)ဒေါ်မှိုင်းဝေ သည် ခင်ပွန်းဖြစ်သူ ဦးမျိုးသန့်နှင့်အတူ နွားဘန်းကြီးကျေးရွာ၏အနောက်တောင်ဘက်ရှိ တောင်ယာစိုက်ခင်းတွင် မြေပဲနှုတ်နေစဉ် နံနက် ၉  နာရီတွင် PDF (၆)ဦးမှ လက်နက်အရှည်များ ကိုင်ဆောင်ရောက်ရှိလာ၍ ဇနီးဖြစ်သူအား ” မှိုင်းဝေ” ဆိုတာ နင်လားဟုပြောဆိုကာ လက်ပြန်ကြိုးတုပ်၍ တောင်ယာ၏ တောင်ဘက်သို့ ခေါ်ဆောင်သွားခဲ့ပြီး ၁၅ မိနစ်ခန့်အကြာတွင် သေနတ်သံ(၁)ချက်ကြားရသဖြင့်သွားရောက်ကြည့်ရှုခဲ့ရာ  ဇနီး ဖြစ်သူမှာသေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ခင်ပွန်းဖြစ်သူက ပြောဆိုသည်ဟုလည်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းဌာနများ၏ ဖော်ပြမှုအရ သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *