September 27, 2024

၂၃.၉.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကုလားတန်မြစ်ထဲ ခုန်ချ အဆုံးစီရင်သွားသူ အသက် ၂၅ နှစ်အရွယ်လူငယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ညတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း လင်းရောင်ခြည် ဖောင်ဒေးရှင်းထံက သိရသည်။

“ကိုမောင်ကြီးရဲ့ရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၂၃ ရက်) ည ၇ နာရီခွဲလောက်က ရှာတွေ့ခဲ့ပါတယ်။ ကျောက်ဆိပ်ကျေးရွာအနီးက ကုလားတန်မြစ်ကမ်းဘေးမှာ ရှာတွေ့ခဲ့တာပါ” ဟု လင်းရောင်ခြည် ဖောင်ဒေးရှင်းတွင် ပါဝင်သူတစ်ဦးက MT News ကို ပြောသည်။

အဆုံးစီရင်သွားသူမှာ ပုဏ္ဏားကျွန်းမြို့ရွာဟောင်းရပ်ကွက်တွင်နေထိုင်သော ဒေါ်ကြာ ညိုစိန်၏သား အသက် ၂၅ နှစ်အရွယ် ကိုမောင်ကြီးဖြစ်ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၁၁ နာရီခန့်က ကုလားတန်မြစ်အတွင်း ခုန်ဆင်း၍ အဆုံးစီရင်သွား ခြင်းဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။

ယင်း၏ ရုပ်အလောင်းကို လင်းရောင်ခြည်ဖောင်ဒေးရှင်းနှင့် ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းတို့ ပူးပေါင်း ရှာဖွေ ခဲ့ကြရာ ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က ဝတ်ဆင်ထားသည့် ပုဆိုးကို တွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ယနေ့တွင် ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ (ဓာတ်ပုံ – လင်းရောင်ခြည်ဖောင်ဒေးရှင်း)

Leave a Reply

Your email address will not be published. Required fields are marked *