September 27, 2024

၂၃.၉.၂၀၂၄
Written by TZ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ အရှေ့ဖိုးခေါင်ရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦး နေအိမ်ထဲ၌ မိမိကိုယ်ကိုယ် ကြိုးဆွဲချ(ဆွဲကြိုးချ) ၍ အဆုံးစီရင်ခဲ့ကြောင်း သိရသည်။

ယနေ့စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ၍သေဆုံးကြောင်း ဒေသခံ ပရဟိတနာရေးကူညီမှုအသင်းတစ်သင်းသို့ ဖုန်းဆက် အကူအညီတောင်း ​အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့ သွားရောက်ခဲ့ကူညီခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးဖုန်းဆက်လို့သွားသယ်တာ။ သူ့မှာ ဘာကိစ္စရှိလို့ ကြိုးဆွဲချလဲတော့မသိဘူး”ဟု ဒေသခံ ပရဟိတနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

ကြိုးဆွဲချ၍ သေဆုံးသည့်အမျိုးသားမှာ အသက် ( ၄၁) နှစ်အရွယ်ရှိပြီး ရုပ်အလောင်းကို ရွှေတောင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်​ကြောင်း သိရသည်။ (Photo – Win Zaw)

Leave a Reply

Your email address will not be published. Required fields are marked *