September 27, 2024

၂၃.၉.၂၀၂၄
Written by Hey Mar

ယာဉ်ငယ်တစ်စီး မောင်းနှင်နေရာက ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှု ဒီနေ့ စက်တင်ဘာ ၂၃ ရက် ညနေ ၆ နာရီ ဝန်းကျင်က ဒေါပုံမြို့နယ် ဂျပန်တံတားအဆင်းမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ ယမုံနာလမ်း၊ ဂျပန်တံတားအဆင်းမှာ ကား(၁)စီးမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာငြှိမ်းသတ်အပြီး မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

သာကေတမြို့နယ် သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းတာဝန်ရှိသူက ” ကားအမျိုးအစားက Chevrolet ။ အသက် ၃၅ ဝန်းကျင် အမျိုးသားတစ်ဦးတည်းမောင်းလာတာ။ လူထိခိုက်မှုမရှိပါဘူး။ ကားကတော့ တစ်စီးလုံးကုန်တယ်။ ဒေါပုံယာဉ်မှုစစ်က လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ဖြေကြားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *