September 27, 2024

၂၃.၉.၂၀၂၄
Written by TZ

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့တွင် ရေပြန်ကျပြီးနောက် မကျီးပင်ကျေးရွာနှင့် ရွေးစုကျေးရွာအနီးတွင် ပိုင်ရှင်မဲ့အမျိုးသမီး (၂) ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထိုပိုင်ရှင်မဲ့ရုပ်အလောင်းများကို ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမူအသင်းမှ သယ်ဆောင်ထုပ်ပိုးပြီး တပ်ကုန်းမြို့၊ ကုတင် ( ၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“အလောင်းတွေက ရက်ကြာနေတော့ ပျက်စီးနေပြီ။ အလောင်းတွေကပိုင်ရှင်မဲ့ပါ” ဟု အလောင်းများကို သွားရောက်သယ်ဆောင်သည့် ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမူအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အလားတူ မကျီးပင်ကျေးရွာနှင့်ရွေးစုကျေးရွာအနီးဝန်းကျင်တွင် ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးသည့် နွား( ၅) ကောင်နှင့်ဆိတ်များကို မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ – ခေတ္တရာလူငယ်များ သာရေးနာရေးကူညီပံ့ပိုးမူအသင်း

Leave a Reply

Your email address will not be published. Required fields are marked *